ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာပေါ်မှာ အအေးဆုံး နေရာ ၂ခု ဖြစ်တဲ့ "Eismitte, Greenland" နှင့် "North Ice, Greenland" အကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဂျာမနီဝေါဟာရ အိုက်စ်မစ်ဟာ ရေခဲတုံးရဲ့ အလယ်နှင့် ဘယ်အရာမှ မရှိသော နေရာလို့ အဓိပ္ပါယ် သတ်မှတ်တာ ဖြစ်ပါတယ်။ အပူ ချိန် အနှုတ် ၈၅ ဒီဂရီနှင့် ၂၇ ဒီဂရီအတွင်းသာ ရှိတဲ့ထိုနေရာ ကို ၁၉၃၀ ပြည့်နှစ်များက စူးစမ်းရှာဖွေမှုများ ဆောင်ရွက်ခဲ့ပါတယ်။ အိုက်စ်မစ်ရဲ့ နှစ်ပတ်လည် ပျမ်းမျှ အပူချိန်ဒီဂရီကို အတိအကျ မသိရှိကြသေးသော်လည်း ဇူလိုင်လရဲ့ အပူဆုံးရက်ကတော့ အပူချိန် ၁၀ ဒီဂရီ ဖာရင်ဟိုက်သာရှိတာပါ။

photo credit pngtree

အအေးဆုံးဖေဖော်ဝါရီလရဲ့ အပူချိန်ကတော့ အနှုတ် ၅၃ ဒီဂရီရှိသဖြင့် ပျမ်းမျှ အပူချိန်ဟာ အနှုတ် ၂၁ ဒသမ ၅ ဒီဂရီသာ ဖြစ်ပါတယ်။၁၉၃၀ ပြည့်နှစ်နှင့် ၁၉၃၁ ခုနှစ်က အိုက်စ်မစ်ကို စူးစမ်းခဲ့သော အဖွဲ့မှာ အဲဖရက်ဝါနာနှင့် ရက်စ်မတ်စ် ဝီလ်လမ်ဆမ်တို့ အသက်ဆုံးရှုံးခဲ့ရကာ အခြားအဖွဲ့ဝင်တစ်ဦးဟာလည်း ခြေချောင်းများ ဖြတ်တောက်ခဲ့ရတာပါ။ ထိုအချိန်မှစတင်ပြီး ဘယ်သူမှ အိုက်စ်မစ်ဒေသမှာ လေ့လာ စူးစမ်းမှုများကို မဆောင်ရွက်ကြတော့တာ ဖြစ်ပါတယ်။

photo credit pngtree

သို့သော် ဗြိတိသျှ စူးစမ်းလေ့လာရေးအဖွဲ့တစ်ဖွဲ့ကတော့ ၁၉၅၀ ပြည့်နှစ်များအတွင်း အမေရိကတိုက်မြောက်ပိုင်းမှ အအေးဆုံးနေရာကို ရှာဖွေတွေ့ရှိခဲ့ကြတာပါ။ ထိုနေရာဟာ လူသိနည်းတဲ့ နော့သ်အိုက်စ်ဒေသဖြစ်ကာ စူးစမ်းလေ့လာသူများဟာ နော့သ်အိုက်စ်ရဲ့ အအေးဒီဂရီကို အတိအကျ တိုင်းထွာနိုင်ခဲ့ကြပါတယ်။ နော့သ်အိုက်စ်ရဲ့ အပူချိန်ဟာ စနက်ရဲ့ အပူချိန်အောက် ၆ ဒီဂရီ အထိ လျော့နည်းတာပါ။ နော့သ်အိုက်စ်ရဲ့ အအေးဆုံးရက်အဖြစ် ၁၉၅၄ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့မှာ အပူချိန် အနှုတ် ၈၇ ဒီဂရီ ဖာရင်ဟိုက်ဖြင့် စံချိန်တင်ခဲ့တာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။