စင်္ကာပူတွင် အိမ်ဖော်အဖြစ် သွားရောက်လုပ်ကိုင်နေသော မြန်မာမိန်းကလေး ၁၈ထပ်မှ ခုန်ကျ သက်သေကြောင်းသိရသည်။

အကြောင်းစုံမှာ

၁၈ ထပ်မှ ခုန်ချသေဆုံးသွားသော ညီမလေးဟာ မြန်မာ မိန်းကလေး ဖြစ်ကြောင်း confirm ပါ...

မြန်မာအိမ်အကူလေးဟာ မိမိကိုုယ်ကိုယ် အဆုံးမစီရင်ခင် စကားပြန်ပြောနေတာ တွေ့ရမှာ ဖြစ်ပါတယ်။ သူ့ကို ကယ်တင်ဖို့ ကြိုးစားခဲ့ကြပေမယ့် မအောင်မြင်ခဲ့တာပါ။

စင်ကာပူ 180 Depot Road ရှိ Interlace Condo တွင် အလုပ်လုပ်နေသော မြန်မာအိမ်အကူလေးတစ်ဦးသည် ဇွန် ၁၂ ရက် ည ၇ နာရီခန့်တွင် ၁၈ လွှာမှ ခုန်ချပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့ကြောင်း သတင်းရရှိသည်။

စင်ကာပူ ကယ်ဆယ်ရေးအဖွဲ့အနေနဲ့ အကယ်၍ တိုက်ပေါ်မှ ခုန်ချခဲ့လျှင် မသေနိုင်အောင်

ပိုက်ကွန်၊ ရေမြှုပ်မွေ့ရာလိုမျိုး အရာတွေ အောက်မှ နေရာအနှံ ခံထားပေမယ့် ညီမလေး ပြုတ်ကျသွားတဲ့ နေရာမှာ ထိုအရာများ ခံထားလို့ မရသောကြောင့် ညီမလေး ကံဆိုးသွာရှာ...

စင်ကာပူ ကယ်ဆယ်ရေးအဖွဲ့မှာ မြန်မာစကားပြန်ပါရှိပြီး ခုန်မချဖို့ ၁ နာရီခွဲလောက် ညှိနှိုင်းခဲ့ပေမယ့် သေသွားသူညီမလေးက လက်မခံပဲ...

သူနဲ့ရင်းနှီးတဲ့ အင်ဒိုအိမ်အကူလေးကိုပဲ အတင်းခေါ်ခိုင်းဟုဆို...

(သေးဆုံးသူလေးဟာ မြန်မာအမည်ဖြစ်ပေမယ့် မြန်မာစကား နားလည်ဟန်မတူ)

ထို အင်ဒို အိမ်အကူလေးမှာလည်း အဖြစ်အပျက်ကိုသိပြီး shock ရကာ ခု ဆေးရုံတင်ထားရ...

အိမ်အကူလေးများ ကိစ္စတိုင်းကို လိုက်လံကူညီနေသော HOME အဖွဲ့အစည်းမှ အစ်မ ၁ ယောက် ယနေ့မနက် ရင်ခွဲရုံက အပြန်မှာ သိလာခဲ့ရသော သတင်းအချို့ကို ထပ်မံ Update ပေးလိုက်ပါတယ်လို့ ရေးသားထားတာကို တွေ့ရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။