ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ထူးခြားသော ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ဒေသတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ "Chichen Itza" အဆောက်အအုံကြီးအကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ထိုအဆောက်အအုံကြီးက ကိုလံဘီယာ နိုင်ငံမှာ တည်ရှိတာ ဖြစ်ပါတယ်။ လတ်တလော အနုပညာရှင်လှုပ်ရှားမှု သတင်း၊ ပြည်တွင်းပြည်ပ အားကစားသတင်း (E-sports အပါအဝင်)၊ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့ မမေ့ပါနဲ့ဦးနော်။

photo credit pngtree

ကိုလံဘီယာ အကြိုခေတ်မှာ မာယာလူမျိုးများရဲ့ မြို့တော်ဖြစ်ခဲ့တဲ့ ချီချင်အစ်ဇာဟာ မက္ကဆီကိုနိုင်ငံ၊ ယူကာတန် ကျွန်းဆွယ်မြောက်ပိုင်းမှာ တည်ရှိတာပါ။ အချို့ကလည်း ချီချင်အစ်ဇာကို ဒဏ္ဍာရီထဲမှ မြို့တော်တစ်ခုလို့ ယူဆကြပါတယ်။ ချီချင် အစ်ဇာဟူတဲ့ အမည်ဟာ အစ်ဇာ ရေကန်အပေါက်ဝလို့ အဓိပ္ပါယ်ရှိပါတယ်။ ချီချင်အစ်ဇာအကြောင်းကို ရေးသားထားတဲ့ ပထမဆုံးစာအုပ် (Incidents of Travel in Yucatan) ကို ၁၈၄၃ ခုနှစ်မှာ ဂျွန်လွိုက်စတီဖန်က ထုတ်ဝေခဲ့ပြီးနောက် ချီချင်အစ်ဇာဟာ လူသိများ ထင်ရှားလာခဲ့ပါတယ်။

photo credit pngtree

၁၉၈၉ ခုနှစ်မှာ ကမ္ဘာ့ အမွေအနှစ် ဖြစ်လာခဲ့တဲ့ ချီချင်အစ်ဇာဟာ ကမ္ဘာလှည့်ခရီးသွားများ အများဆုံးလာ ရောက်လည်ပတ်ကြတဲ့ ရှေးဟောင်း သုတေသန နယ်မြေ တစ်ခုဖြစ်လာခဲ့ပါတယ်။ နှစ်စဉ် လာရောက်သူဦးရေဟာ ၁၂ သိန်းကျော်ခန့်ရှိပါတယ်။ သမိုင်းဝင် ရှေးဟောင်းသုတေသန နေရာဒေသများနှင့် အဆောက်အအုံများဟာ လူသားများရဲ့ ယဉ်ကျေးမှု ထွန်းကားလာခဲ့တဲ့ ဖြစ်စဉ်ရဲ့ တိုးတက်ပြောင်းလဲလာသော အထောက်အထားများဖြစ်ကြပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။