ပရိသတ်ကြီးရေ ဒီတစ်ပါတ်မှာတော့ ကမ္ဘာတစ်ဝှမ်းရှိ အရပ်ရှည်ဆုံး အမျိုးသမီးတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ "Yao Defen" ဆိုသူအကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ အရပ် အလွန်ရှည်နေကြသူများဟာ ထူးခြားသော အခွင့်အလမ်းများကို ရရှိစေနိုင်သော်လည်း သူတို့ အဓိကရင်ကြရတဲ့ ပြဿနာဟာ အဝတ်အစားနှင့် ဖိနပ်ဖြစ်ပါတယ်။ အခြားအခက်အခဲ တစ်ခုကတော့ ရှည်နေတဲ့ အရပ်နဲ့အတူ ကျန်းမာရေး ပြဿနာများကို ရင်ဆိုင်ကြရတာ ဖြစ်ပါတယ်။

photo credit pngtree

ကမ္ဘာပေါ်မှာ အရပ်အရှည်ဆုံး အမျိုးသမီးတွေအဖြစ် အသိအမှတ်ပြုခံရသူ ၁၀ ဦး ပေါ်ထွက်ခဲ့ပြီး တရုတ်ပြည်က "Yao Defen"ကလည်း တစ်ဦးအပါအဝင် ဖြစ်ပါတယ်။ အရပ် ခုနှစ်ပေ ရှစ်လက်မမြင့်သော Yao Defen ဟာ ဆေးပညာအရ ပုံမှန်မဟုတ်တဲ့ ဝေဒနာကို ခံစားခဲ့ရသူဖြစ်ပါတယ်။ သူရဲ့ ခြေထောက်အရွယ်ဟာ အမေရိကန် အတိုင်းအတာစနစ်အရ ၂၆ ဖြစ်ပါတယ်။ Yao Defen ဟာ အသက် ၄၀ အရွယ်၊ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။

photo credit pngtree

သူမဟာ ဆင်းရဲ သော မိသားစုမှ ပေါက်ဖွားခဲ့သူ တစ်ဦးဖြစ်ကာ အသက် ၁၁ နှစ်တွင် အရပ်ခြောက်ပေရှိခဲ့ပြီး အသက် ၁၅ နှစ်အရွယ်မှာ ခြောက်ပေ ကိုး လက်မအထိ အရပ်ရှည်လာခဲ့ပါတယ်။ မိသားစုဟာ သူ့အား ကုသမှု တစ်စုံတစ်ရာ မလုပ်ပေးနိုင်ခဲ့တာကြောင့် အရပ်က အလွန်အကျွံ ရှည်လာခဲ့ပါတယ်။ သူမ အသက်ရှိစဉ် တရုတ်နိုင်ငံရဲ့ အရပ်အရှည်ဆုံး အမျိုးသားနှင့် တွေ့ဆုံခဲ့ပါတယ်။ သူ့လို အရပ်ရှည်သူ အမျိုးသမီးတစ်ဦးဖြစ်တဲ့ Sandy Allen ဆိုသူကို စံချိန်ချိုးခဲ့ကာ ကမ္ဘာ့အရပ်ရှည်ဆုံး အမျိုးသမီးအဖြစ် Guinness စံချိန်ချိုးခဲ့ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။