စေ‌ာ‌ဂေါ်မူဒိုရဲ့ ‌နောက်‌ထပ်‌ ပွဲကြီးပွဲ‌ကောင်‌းတစ်‌ပွဲလာပြီ


ဇွန်‌လက‌တော့ မြန်‌မာ့လက်‌‌ဝှေ့ချစ်‌သူ‌တွေအတွက်‌က‌တော့ ‌ပျော်‌ရွှင်‌စရာ လတစ်‌လပါပဲ။မြန်‌မာ့လက်‌‌ဝှေ့ပွဲ‌ပေါင်‌းများစွာဒီလထဲမှာကျင်‌းပဖို့ရှိပြီးလာမယ်‌့ဇွန်‌လ (၂၅)ရက်‌‌နေ့မှာလည်‌း ‌ဂေါ်ကြီးလို့ချစ်‌စနိုး‌ခေါ်ကြတဲ့

‌စော‌ဂေါ်မူဒို နဲ့ ‌မွေထိုင်‌းလက်‌‌ဝှေ့‌ကျော်‌ ဝီဂျစ်‌ တို့ရဲ့အဓိကတွဲဆိုင်‌းပါဝင်‌တဲ့ 

FENIX  FiGHT ဆိုတဲ့ လက်‌‌ဝှေ့ပွဲကြီးကျင်‌းပ‌တော့မှာပါ။

လက်‌‌ဝှေ့ချန်‌ပီယံ‌‌ဟောင်‌းလုံး‌ချောရဲ့ သင်‌ကြားပြသမှု‌တွေနဲ့

‌ဂေါ်ကြီးဟာလက်‌ရည်‌အ‌တော်‌တက်‌လာပါတယ်‌။ဒီနှစ်‌ထဲမှာနိုင်‌ငံခြားသား‌တွေနဲ့ ၄ပွဲ ထိုးသတ်‌ထားပြီး ၃ပွဲနိုင်‌ ၁ပွဲသ‌ရေပါ။သ‌ရေကျတဲ့ပွဲမှာလည်‌း ‌မွေထိုင်‌းသမား အီကျူစံကိုအစီးသ‌ရေရယူနိုင်‌ခဲ့တာပါ။

ဝီဂျစ်‌ကလည်‌း မြန်‌မာ့လက်‌‌ဝှေ့နဲ့မစိမ်‌းသူပါ။စိုးလင်‌းဦးနဲ့ထိုးခဲ့ဖူးပြီးမြန်‌မာပရိသတ်‌‌တွေသ‌ဘောကျခဲ့တဲ့ လက်‌‌ဝှေ့သမားတစ်‌‌ယောက်‌ပါ။အခုဆိုရင်‌ဝီဂျစ်‌ဟာ ပ‌ရော့စ‌မွေဆိုတဲ့နာမည်‌နဲ့ Thai Fight မှာတဟုန်‌ထိုးနာမည်‌ကြီးလာပါတယ်‌။

ဒီပွဲက‌တော့‌သေချာ‌ပေါက်‌ပရိသတ်‌‌တွေကြိုက်‌မယ်‌့ပွဲတစ်‌ပွဲ

ဖြစ်‌လာမှာ‌သေချာပါတယ်‌။


သူတို့ ၂‌ယောက်‌ရဲ့တွဲဆိုင်‌းအပြင်‌ကြယ်စင်ဖြိုး နဲ့ ဒင်ဘိုသိုင်း (ထိုင်း)

စောမိုက်ရိုင်း နဲ့တူလာဘေ (ဥဇဘတ်ကစ္စတန်)

မိုးဟိန်း နဲ့လိုင်ဖေး (ကမ္ဘောဒီးယား)

ကရင်လေး (မြန်မာ )နဲ့ ဝွနး်စွန် (ထိုင်း)

ဆလိုင်းချမ်းမြေ့ နဲ့ ရဲရင့်သွေး 

ဒေါင်းဖြူလေး နဲ့ ကောင်းကောင်း တို့ရဲ့ပွဲ ကြီးပွဲ‌ကောင်‌း‌တွေပါဝင်‌‌နေတာမို့ပရိသတ်‌‌တွေ‌မျှော်‌ရမယ်‌့ပွဲတစ်‌ပွဲလို့ဆိုရမှာပါ။

Source-Phoenix Fight

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။