PHOTO CREDIT - Weplay Esports

Dendi ကြီးရဲ့ dota 2 team ဖြစ်တဲ့ B8 ကတော့ မနေ့က semin finals အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ EXTREMUM နဲ့ ပွဲစဉ်မှာ အနိုင်ရရှိခဲ့တာကြောင့် upper bracket final ကိုတက်ရောက်သွားခဲ့ပြီပဲဖြစ်ပါတယ်။

Upper bracket finals မှာတော့ B8 ဟာ Empire Hope နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အနိုင်ရရှိခဲ့ပါက BEYONE EPIC ကိုဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် တခါတည်း qualified ဖြစ်သွားမှာပဲဖြစ်ပါတယ်။

အကယ်၍ ရှုံးနိမ့်ခဲ့ပါက B8 ဟာ lower bracket finals မှာ Vikin.gg နဲ့ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး အနိုင်ရရှိပါက qualified ဖြစ်ဦးမှာပဲဖြစ်ပါတယ်။

သို့ပေမယ့် Vikin.gg ဟာ ဒီ qualifier တစ်လျှောက်မှာ B8 ရှုံးနိမ့်ခဲ့ဖူးတဲ့ တစ်သင်းတည်းသောအသင်းဖြစ်တာကြောင့် Empier Hope ကို ရှုံးနိမ့်ပြီး lower bracket ကိုဆင်းရမယ်ဆိုရင်တော့ B8 အတွက် အနည်းငယ်စိုးရိမ်စရာတွေရှိနေပါတယ်။

Dendi ကြီးရဲ့ B8 အနေနဲ့လည်း ဒီနေ့မှာဆော့ကစားမယ့် Empire Hope နဲ့ပွဲစဉ်မှာ အနိုင်ရပြီးတော့ တခါတည်း qualified ဖြစ်သွားမလား ၊ ဒါမှမဟုတ် lower bracet finals ကိုဆင်းပြီး Vikin.gg နဲ့ ဆက်လက်ယှဉ်ပြိုင်ရမလားဆိုတာကိုတော့ ရင်ခုန်စွာနဲ့ စောင့်ကြည့်သွားရမှာပါပဲ။ 

source - Liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။