2NE1 အဖွဲ့ခေါင်းဆောင် CL ကတော့ မြန်မာနိုင်ငံကိုဒုတိယအကြိမ်ထပ်မံလာရောက်ပြီး

ပရိတ်သတ်တွေနဲ့ အောင်မြင်တဲ့ပွဲတစ်ပွဲကျင်းပသွားပြန်ပါတယ် ။ ပထမပွဲတုန်းက အဖွဲ့လိုက်လာရောက်ခဲ့ပေမယ့်

ခုတစ်ခေါက်တော့ အခြား Rapper တွေနဲ့ အတူ တစ်ယောက်ထဲလာရောက်ဖျော်ဖြေခဲ့တာပါ ။

အဆိုပါပွဲကို မြန်မာအနုပညာရှင်တော်တော်များများသွားရောက်ခဲ့ပါတယ် ။ မြန်မာအနုပညာရှင်အများစုက CL ရဲ့

ပရိတ်သတ်တွေလဲဖြစ်ပါတယ် ။ CL ဟာ မြန်မာနိုင်ငံကိုရောက်တုန်းမှာ ရွှေတိဂုံဘုရားကို ထပ်မံသွားရောက်ခဲ့ပါတယ် ။

အောင်မြေနင်းပြီးဆုတောင်းခြင်း ၊ ရွှေသင်္ကန်းကပ်လှုခြင်းများကိုလုပ်ဆောင်ခဲ့ပါတယ် ။

သူမအတွက် ဒုတိယအကြိမ် ဘုရားသွားဖူးခြင်းပါ ။ 

(Video File အောက်တွင်ကြည့်ပါ)

သူမဟာ ပုဂံ ကိုလဲ အလည်သွားဖို့ရှိတယ်လို့ဆိုပါတယ် ။

သူမကို Private လေယာဉ်နဲ့ ပို့ဆောင်ပေးဖို့ ရှိတယ်လို့ ပွဲစီစဉ်သူ ကိုဂျောမရန်က 7day Daily ကို ဖြေဆိုထားပါတယ်။

သတင်းအရင်းမြစ် 7day and photo and video owner

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။