ပရိသတ်ကြီးရေ အနုပညာလောကထဲကို ဇာတ်လမ်းတွဲတွေရိုက်ကူးရင်း စတင်ဝင်ရောက်လာခဲ့ပြီး ပန်းနုသွေးဆိုတဲ့ ကာရိုက်တာလေးနဲ့ လူသိများ အောင်မြင်လာတဲ့ သူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး မေမြင့်မိုရ်ပဲဖြစ်ပါတယ်။ မေလေးက ပီပြင်လွန်းတဲ့ သရုပ်ဆောင်ချက်တွေနဲ့ ပရိသတ်ရင်ထဲ နေရာတစ်ခုကို အခိုင်အမာရယူနိုင်ခဲ့ပြီး ပရိသတ်အားပေးမှုကို များစွာရရှိထားတဲ့ သူလည်းဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း သူမက အနုပညာလှုပ်ရှားမှုတွေကို များစွာလုပ်ကိုင်နေတာပဲဖြစ်ပါတယ်........။

Photo credit - May Myint Mo's facebook page

မေမြင့်မိုရ်က ကလေးလေးတစ်ယောက်လို အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ ချစ်စရာကောင်းတဲ့ အပြုအမူလေးတွေကြောင့် ပုရိသပရိသတ်တွေသာမကပဲ မိန်းကလေးအချင်းချင်းကပါ အားပေးချစ်ခင်နေကြတာလည်းဖြစ်ပါတယ်။ မေမြင့်မိုရ်က လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေကို ဖြေးဖြေးနဲ့ မှန်မှန်သာ လုပ်ဆောင်နေပြီး ကြော်ငြာတွေနဲ့ photo shooting တွေကို လက်ခံရိုက်ကူးနေတာလည်းဖြစ်ပါတယ်......။

Photo credit - May Myint Mo's facebook page
Photo credit - May Myint Mo's facebook page

သူမ အားလပ်တဲ့ အချိန်လေးတွေမှာလည်း ရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေနဲ့ အပျင်းပြေရိုက်ကူးထားတဲ့ Tiktok ဗီဒီယိုလေးတွေကို လူမှုကွန်ယက်စာမျက်နှာမှ တဆင့် ပရိသတ်တွေဆီကို မျှဝေပေးလျက်ရှိနေတာလည်းဖြစ်ပါတယ်။ ယခုမှာလည်း မေမြင့်မိုရ်က သူမရဲ့ ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေနဲ့ တီးလုံးရဲ့စည်းချက်အတိုင်း ရိုက်ကူးထားတဲ့ ဗီဒီယိုလေးကို တင်ပေးလာတာပဲဖြစ်ပါတယ်။ ကဲ ချစ်ရတဲ့ ပရိသတ်တွေ မေမြင့်မိုရ်ရဲ့ ဗီဒီယိုလေးကို ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်......။

Photo credit - May Myint Mo's facebook page
Photo credit - May Myint Mo's facebook page

Photo credit - May Myint Mo's facebook page

Source  - May Myint Mo's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။