ပရိသတ်ကြီးရေ ကမ္ဘာ့အလယ်မှာ မြန်မာ့ဂုဏ်ဆောင်တစ်ယောက်ဖြစ်တဲ့ အောင်လအန်ဆန်ကတော့ မြန်မာ့အားကစားလောကမှာ ကျောက်တိုင် တစ်ခုကိုစိုက်ထူနိုင်ခဲ့ပြီးလည်းဖြစ်ပါတယ်။ အောင်လအန်ဆန်ကတော့ ၂၀၁၉ နှစ်က ပြိုင်ပွဲတိုင်းမှာလည်း အကောင်းဆုံး ထိုးသက်နိုင်ခဲ့ပြီး ပရိသတ်တွေကလည်း အများအပြား ဝန်ရံလာကြတာပဲဖြစ်ပါတယ်။ ဒါ့အပြင် အောင်လအန်ဆန်ကတော့ တစ်နှစ်တာ အကောင်းဆုံး ဖိုက်တာ 2019 International Fighter Of the Year ဆုတံဆိပ်ကို ရရှိခဲ့ပါတယ်နော်..။

Photo Credit - Aung La Nsang(Burmese Python)
Photo Credit - Aung La Nsang(Burmese Python)

အောင်လအန်ဆန် ဟာ ၂၀၂၀ မှာတော့ ထိုးသတ်ရမယ့် ပြိုင်ပွဲတွေရှိပေမယ့်လည်း ကပ်ရောဂါဆိုးကြီးကြောင့် ယင်းပွဲစဉ်တွေကို ရွှေ့ဆိုင်းထားတာဖြစ်တာပဲဖြစ်ပါတယ်။ ယှဉ်ပြိုင်ထိုးသတ်ရမယ့် ပြိုင်ပွဲတွေမရှိသေးပေမယ့် လတ်တလော ကပ်ရောဂါတိုက်ဖျက်ရေး အချိန်ကာလလေးမှာ ချစ်ရတဲ့မိသားစု နဲ့ အတူတူ အေးအေးချမ်းချမ်းဖြတ်သန်းနေထိုင်နေပြီး လေ့ကျင့်မှုတွေကိုလည်း နေ့စဉ်မပြတ် ပြင်းပြင်းထန်ထန်လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။

Photo Credit - Aung La Nsang(Burmese Python)
Photo Credit - Aung La Nsang(Burmese Python)

ယခုတစ်ခါမှာတော့ ပရိသတ်တွေရဲ့အချစ်တော်လေး အောင်လအန်ဆန်ကတော့ အရင်ကတွေ့နေတဲ့ပုံစံလေးနဲ့မတူပဲတမူထူးခြားတဲ့ မီးဖိုးခန်းထဲကိုဝင်ပြီး အရသာရှိလောက်မယ့် ကချင်ဟင်းလျာလေးကို ကိုယ်တိုင်ချက်ထားတဲ့ ပုံရိပ်လေးတွေကိုတင်ပေးလာခဲ့ပါတယ်။ ဒီပုံလေးတွေနဲ့လည်း အောင်လအန်ဆန်က "ကျွန်တော့်အိမ်ကိုဘယ်သူတွေများညစာလာစားကြမလဲ....ကချင်လို"ရှန်ခတ်"လို့ခေါ်တဲ့ကချင်ရိုးရာအမဲသားစင်းကောဟင်းချက်ထားပါတယ်" ဆိုပြီး ရေးသားထားပါသေးတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ မီးဖိုးခန်းထဲဝင်ပြီး ကိုယ်တိုင်ဟင်းချက်နေတဲ့ အချစ်တော်လေး အောင်လအန်ဆန် ရဲ့ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Aung La Nsang(Burmese Python)

Source - Aung La Nsang(Burmese Python)'s facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။