ဆံပင်ဆိုတာ မိန်းမသားတွေအတွက် တန်ဖိုးထားအပ်တဲ့ သဘာဝကပေးတဲ့ ရတနာတစ်ခုလိုပါပဲ။ ဒါပေမယ့် ကိုယ့်ရဲ့ ဆံပင်ကို ပျက်စီးအောင် ၊ ကျွတ်လာအောင် ၊ ပါးလာအောင် ကိုယ်တိုင်ပဲ သတိမထားမိပဲ လုပ်မိနေတဲ့ အရာတွေရှိပါတယ်။ ဆံပင်တွေကျွတ်ပြီး ပါးလာတာဟာ ကျန်းမာရေးအရ ကိုယ့်မှာ စိတ်ဖိစီးမှုအရမ်းများနေရင်လည်းဖြစ်တတ်ပါတယ်။

အမျိုးသားပဲဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် မိမိဆံပင်ကို တဖြည်းဖြည်းပါးသွားစေတဲ့ အပြုအမူလေးတွေကို အခုချိန်ကစလို့ ရပ်တန့်လိုက်ပါတော့နော်။

(၁) အစားအသောက်မမှန်တာက ဆံပင်ကိုပါးလာစေပါတယ်။ လူမှုရေးစီးပွားရေး၊အချစ်ရေး ၊ကျန်းမာရေး စတဲ့အကြောင်းကြောင်းကြောင့် စိတ်ဖိစီးမှုတွေများပြီး အစားအသောက်တွေပျက်တဲ့အထိနေမိကြပါတယ်။ ဆံပင်သားဆိုတာလည်း ပရိုတိန်းဓာတ်နဲ့ဖွဲ့စည်းထားတဲ့အတွက် ပရိုတိန်းဓာတ်ပါတဲ့ အသားငါးတွေ ၊ကျန်းမာစေမယ့် အစားအသောက်ကို ပုံမှန်စားပေးသင့်ပါတယ်။ ဒါမှသာကျန်းမာသန်စွမ်းတဲ့ ဆံကေသာကို ရရှိစေမှာဖြစ်ပါတယ်။

(၂) ခေါင်းကိုနေ့တိုင်းလျှော်တဲ့အကျင့်ကို ပြင်ပါ။

အသန့်ကြိုက်လွန်းတဲ့ ကိုကိုမမတွေ ကိုပြောချင်တာက နေ့တိုင်းခေါင်းလျှော်ပေးတာ မကောင်းဘူးတော့မဟုတ်ဘူး။ ဒါပေမယ့် နေ့တိုင်းလျှော်နေတာထက် တစ်ပတ်နှစ်ရက် သုံးရက်ဖြစ်ဖြစ် အချိန်လေးခြားပြီး လျှော်ပေးဖို့လိုပါတယ်တဲ့။ နေ့တိုင်းလျှော်တဲ့အကျိုးဆက်အနေနဲ့ ဆံသားတွေကြမ်းတမ်းခြောက်သွေ့လာပြီး ဆံပင်ပါးစေတတ်ပါတယ်။ ခေါင်းလျှော်တဲ့အခါမှာလည်း ကိုယ်နဲ့မတည့်တဲ့ ဦးရေပြားယားယံစေတဲ့ခေါင်းလျှော်ရည်မျိုးတွေကို ရှောင်ဖို့လိုမယ်နော်။

(၃)ဆံပင်သားပျက်စီးစေတဲ့ အလှကုန်တွေမသုံးပါနဲ့။အုန်းသီးနဲ့ဖော်စပ်ထားတဲ့ ခေါင်းလျှော်ရည် ၊သံလွင်ဆီပါဝင်တဲ့ ခေါင်းလျှော်ရည်အမျိုးုအစားတွေကတော့ စိတ်ချရပါတယ်။

(၄) ဆံသားခြောက်သွေ့စေတဲ့ ပစ္စည်းတွေ အမြဲလိုလိုသုံးတဲ့အကျင့်ကို ပြင်ပါ။

ခေါင်းလျှော်ပြီးလို့ ဆံပင်ကိုခြောက်သွေ့စေတဲ့အခါ ဖြစ်ဖြစ် ဆံပင်ဖြောင့်ကောက်တာပဲဖြစ်ဖြစ် စက်ပစ္စည်းတွေသုံးလေ့ရှိကြပါတယ်။ အလှပြင်ဆိုင်မှာခေါင်းလျှော်တာပဲဖြစ်ဖြစ် Dryerတွေ ဖြောင့်စက်တွေကို အသုံးများကြတယ်လေ။ ဒီပစ္စည်းတွေကလည်း သင့်ဆံပင်ကိုအတော်လေးပျက်စီးစေတဲ့အချက်မို့ တစ်ချို့လည်း သိရက်နဲ့ ဆက်လုပ်မိနေကြတာလည်းဖြစ်ချင်ဖြစ်နိုင်ပါတယ်။

(၅) နေပူထဲမှာ ထီးမဆောင်း၊ ဦးထုတ်မဆောင်းပဲ လျှောက်သွားခြင်း ကိုရှောင်ပါ။

ဆံပင်တွေခြောက်ပြီးပါးလာကြတယ်ဆိုုတာ ဒီအချက်ကြောင့် အဖြစ်များပါတယ်။ ခရမ်းလွန်ရောင်ခြည်အရှိန်ကြောင့် အပူရှိန်ပြင်းနေတဲ့အချိန် အပြင်ထွက်တဲ့အခါ ခေါင်းကိုသေချာလေးဂရုစိုက်သင့်ပါတယ်။နေပူထဲ မတတ်သာလို့ အလုပ်လုပ်နေတဲ့သူတွေအနေနဲ့တော့ မိမိတို့ရဲ့ဆံပင်ကို ဂရုစိုက်ဖို့ နေပူဒဏ်ခံမယ့်ပစ္စည်းမျိုးတွေကို မေ့ထားလို့မရပါဘူး။

(၆) စိတ်ဖိစီးမှုတွေ ကို လျှော့ချလိုက်ပါ။

စိတ်ထိခိုက်တဲ့အခါ စိတ်ဖိစီးမှုတွေအရမ်းများနေတဲ့အခါ အပေါ်ဆုံးကအချက်လိုပါပဲ။ အာဟာရချို့တဲ့လာတော့ ဆံသားကိုပါသွားပြီး ထိခိုက်စေပါတယ်။ ဒါ့ကြောင့် ဆံပင်ပါးလာခြင်း ၊ကျွတ်လာခြင်း စတဲ့ ပြသနာတွေကိုဖြစ်စေတဲ့ အဓိကအချက်ဖြစ်တဲ့ စိတ်ဖိစီးမှုတွေကို တတ်နိုင်သလောက် မေ့ပစ်လိုက်ပါ။ လွှတ်ချလိုက်သင့်ပါတယ်။ ဒါမှသာ ကျန်းမာလှပတဲ့ ဆံသားကို ပိုင်ဆိုင်ရမှာဖြစ်ပါတယ်။ 

သတင်းအရင်းမြစ် lifehack

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။