ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ သြစတြေးလျ နိုင်ငံ အနောက်ပိုင်းရှိ "AQWA" ငါးပြတိုက်ကြီး အကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ နာမည်ကျော်ထင်ရှားသော ငါးပြတိုက်တွေထဲမှာလည်း တစ်ခုအပါအဝင်ဖြစ်ပြီး လာရောက်လည်ပတ်သူ အများအပြားရှိတာပါ။ ထိုငါးပြတိုက်ကြီး အကြောင်းကို အသေးစိပ်ပြောပြပေးသွားပါ့မယ်။ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားပေးဖို့ မမေ့ပါနဲ့ဦးနော်။

photo credit pngtree

သြစတြေးလျနိုင်ငံအနောက်ပိုင်း၊ "Hillarys" မှာ တည်ရှိတဲ့ "Aquarium of Western Australia" အမည်ရသော ငါးပြတိုက်ကြီးရဲ့ ငါးကန် အတွင်း ထည့်သွင်းထားတဲ့ ရေထု ပမာဏဟာ ကမ္ဘာ့အကြီးဆုံး ငါးပြတိုက်များတွင် ပါဝင်ကာ ရေလီတာ သုံးသန်း ထည့်သွင်းထားတာ ဖြစ်ပါတယ်။ ငါးလှောင်ကန်အများအပြားကို သြစတြေးလျ နိုင်ငံ ပင်လယ်ကမ်းရိုးတန်းမှာ တွေ့ရလေ့ရှိပြီး ငါးပြတိုက်ရှိ ရေလှောင် ကန်များမှာ ငါးမျိုးစိတ်ပေါင်း ၄၀၀ ကျော်ရှိပါတယ်။

photo credit pngtree

AQWA မှာပြသထားတဲ့ ရေသတ္တဝါများတွင် ငါးမန်းမျိုးစိတ်များ၊ ငါးလိပ်ကျောက် မျိုးများ၊ နီညိုရောင် loggerhead လိပ်များ၊ ရေ ဘဝဲများ၊ ကျောက်ငါးများ၊ ပင်လယ်မြွေများ၊ ရေငံ မိကျောင်းများ၊ ကြယ်ငါးများ၊ ကျောက်ပုဇွန်များပါဝင်ပါတယ်။ ထိုပြတိုက်မှာ ရှည်လျားသော ရေအောက်ဥမင်တစ်ခုပါရှိပြီး လာရောက်ကြည့်ရှုသူများဟာ ထိုဥမင်ကို ဖြတ်သန်းလျက် အဏ္ဏဝါ လောကနှင့် ပတ်ဝန်းကျင်ကို ကြည့်ရှုနိုင်ကြပါတယ်။ ပြတိုက်ကို ၁၉၈၈ ခုနှစ် ဧပြီလ ၁၃ ရက်နေ့မှာ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။