၁၉၆၇ ခုနှစ်တုန်းက အစ္စရေးနိုင်ငံက အာရပ်နိုင်ငံတွေနဲ့ဖြစ်ပွားတဲ့ ၆ရက်တာစစ်ပွဲအတွင်း စစ်အောင်နိုင်ခြေမရှိရင် အနုမြူဗုံးဖောက်ခွဲဖို့ စဉ်စားခဲ့တယ်လို့ အမေရိကန် သုတေသီတွေက ဆိုလိုက်ပါပြီ။

အမေရိကန်သုတေသီတွေရဲ့အဆိုအရ အစ္စရေးနိုင်ငံအနေနဲ့ရှန်ဆုံစစ်ဆင်ရေးလို့ အမည်ပေးထားတဲ့ အနုမြူဗုံး ဖောက်ခွဲမှုကို ဆိုုင်းနိုုင်းကျွန်းဆွယ်အတွင်း တောင်ထိပ်တစ်နေရာမှာပြုလုပ်ဖိုု့ ကြံရွယ်ခဲ့တာပါ။လက်တွေ့တော့မဖောက်ခွဲလိုက်ရပါဘူး။

အဆိုပါအဆိုပြုချက်က အစ္စရေးနိုင်င်အနေနဲ့ အကြောင်းအကျိုးတစ်ခုကြောင့် နိုင်ငံပျက်စီးမယ့် ဘေးအန္တရာယ်နဲ့ရင်ဆိုင်ရတဲ့အခါမှာ အခန့်မသင့်ရင် နောက်ဆုံးအနေအထားရောက်တဲ့အခါမျိုးမှာ အနုမြူလက်နက်ကို ဝှက်ဖဲအနေနဲ့ဲ အသုံးပြုမယ့်သဘောကိုပြသလိုက်တာဖြစ်တယ်လို့ နျူလက်နက်ဆိုင်ရာသုတေသန ဆောင်ရွက်နေသူတွေကဆိုပါတယ်။

Aung

သတင်းအရင်းမြစ် ABC Online News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။