မြန်မာနိုင်ငံတစ်ဝှမ်းကလူသန်းပေါင်းများစွာထဲမှာ ထီပေါက်ဖူးသူက ရာခိုင်နှုန်းနည်းနည်းလေးပါ ။ လတိုင်းထီကံစမ်းနေသူတွေတောင်

ခုချိန်ထိ တစ်ခါမှမပေါက်ဖူးသူတွေလဲရှိနေပါသေးတယ် ။ ထိုသို့သူများထဲမှာ သရုပ်ဆောင်မယ်လိုဒီရဲ့ သားသားလေး သိဒ္ဓိစစ် ကတော့

ကံကောင်းသူလေးလို့ ပြောရမှာပါ ။ သူလေးက ထီပေါက်တာ ၄ ကြိမ်ရှိပါပြီတဲ့ ။

၅ သောင်းဆုတွေချည်းပဲ ၄ ကြိမ်ပေါက်ခဲ့တာပါ ။ 

" သားသား သိဒ္ဓိစစ် ထီ ၅သောင်းဆုပေါက်ပါတယ်

၅သောင်းဆု ပေါက်တာ စုစုပေါင်း ၄ကြိမ်ရှိပါပြီ

အားလုးံ သားသားလိုဘဲ ထီခဏ ခဏ ပေါက်ကြပါစေ

ဆုကြီးကြီးပေါက်ကြပါစေရှင် " လို့ မယ်လိုဒီက ပရိတ်သတ်တွေကိုလည်း facebook ကတဆင့် ဆုမွန်ကောင်းတောင်းပေးထားတာပဲဖြစ်ပါတယ် ။

သတင်းအရင်းမြစ် Melody

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။