ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ အိုင်ယာလန်နိုင်ငံရှိ "Trinity College Library" စာကြည့်တိုက်ကြီးအကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ အိုင်ယာလန်နိုင်ငံရှိ Trinity ကောလိပ်စာကြည့်တိုက်ဟာ Dublin မြို့ရဲ့ ခရီးသွားများ ဆွဲဆောင်မှုနေရာတစ်ခုဖြစ်ပါတယ်။ ပထမမြောက် အဲလိဇဘက် ဘုရင်မကြီးက ၁၅၉၂ ခုနှစ်တွင် တည်ထောင်ခဲ့ပါတယ်။

စာကြည့်တိုက်မှာ စာအုပ်ပေါင်းတစ်သန်းထိန်း သိမ်းထားပြီး အေဒီ ၈၀၀ ပြည့်နှစ်တွင် ရေးသားခဲ့တဲ့ Book of Kellsဟာ အထင်ရှားဆုံးဖြစ်ပါတယ်။ စာမျက်နှာ ၆၀၀ ပါရှိတဲ့ ထိုစာအုပ်လေးတွဲမှာ ကမ္ဘာပေါ် တွင် အလှဆုံး စာအုပ်တစ်အုပ်ဖြစ်ပြီး လက်တင်ဘာသာဖြင့် ရေးသားထားပါတယ်။ စာအုပ်အတွဲနှင့် သာမျက်နှာများကို ပုံမှန်ပြောင်းလဲပြသထားတာပါ။

အိုင်ယာလန်နိုင်ငံမှ စာအုပ်ထုတ်ဝေသူများဟာ မိမိတို့ ထုတ်ဝေတဲ့ စာအုပ်တစ်အုပ်စီကို ထိုစာကြည့်တိုက်သို့ အခမဲ့ပေးကြရပါတယ်။ စာကြည့်တိုက်မှာ စာအုပ်များအပြင် သတင်းစာများ၊ဂျာနယ်များ၊မဂ္ဂဇင်းများ၊ အသံနှင့်ဂီတဖိုင်များ၊မြေပုံများ၊ လက်ရေးစာမူများကိုလည်း စုဆောင်းထားပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree 

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။