အာရှကျားကြီး နိုးလာပြီ

မ‌နေ့ညက မကာအို‌မြေက ချိုမြိန်‌လှတဲ့ မြန်‌မာအသင်‌းရဲ့‌အောင်‌ပွဲကို အားလုံး‌တွေ့မြင်‌ခဲ့ကြရမှာပါ။

မကာအိုကို ၄ ဂိုး ဂိုးမရှိ ရလာဒ်‌နဲ့အတူ အုပ်‌စုဒုတိယ‌နေရာကိုတက်‌လာနိုင်‌ခဲ့ပါတယ်‌။တစ်‌ဖက်‌မှာကစားခဲ့တဲ့ အန္ဒိယနဲ့ကာဂျစ္စတန်‌ အသင်‌းတို့ပွဲမှာ‌တော့ အိန္ဒိယက ၁ဂိုးဂိုးမရှိနဲ့နိုင်‌သွားခဲ့ခြင်‌းကလည်‌း

မြန်‌မာအသင်‌းအုပ်‌စုတက်‌ဖို့အ‌ခြေအ‌နေ‌ကောင်‌းတစ်‌ရပ်‌ကိုပိုင်‌ဆိုင်‌သွား‌စေပါတယ်‌။

မကာအိုနဲ့ပွဲမှာ ပထမဆုံး ‌ကျေးဇူးတင်‌ရမှာက မြန်‌မာအသင်‌းရဲ့ကွင်‌းလယ်‌ပါ။ ရန်‌‌အောင်‌‌ကျော်‌၊တင်‌ဝင်‌း‌အောင်‌၊ရန်‌နိုင်‌ဦး၊စည်‌သူ‌အောင်‌ တို့ရဲ့တစ်‌ဖက်‌အသင်‌းကိုကွင်‌းလယ်‌အသာစီးရယူနိုင်‌ခဲ့တာဟာ

ဒီနိုင်‌ပွဲရဲ့‌သော့ချက်‌ဖြစ်‌ခဲ့ပါတယ်‌။တင်‌ဝင်‌း‌အောင်‌ကို‌နောက်‌တန်‌း ၄‌ယောက်‌ရဲ့‌ရှေ့မှာ အထိုင်‌ ကစား‌စေပြီး ရန်‌‌အောင်‌‌ကျော်‌ကို‌တော့ ‌ရှေ့က ‌အောင်‌သူ ‌ကျော်‌ကိုကို တို့နဲ့ချိတ်‌ကစား‌စေခဲ့ပါတယ်‌။ ‌တောင်‌ပံကစားသမားစည်‌သူ‌အောင်‌က‌တော့ဒီပွဲဟာ သူ့ရဲ့ပွဲဖြစ်‌ခဲ့ပြီး ‌ ၂ဂိုးသွင်‌းပြီး ‌ခြေစွမ်‌းပြကစားနိုင်‌ခဲ့ပါတယ်‌။

ရန်‌နိုင်‌ဦး ဘက်‌ခြမ်‌းက‌တော့ အနည်‌းငယ်‌အားနဲချက်‌ရှိ‌ခဲ့‌ပေမယ်‌့ ‌နောက်‌တန်‌း က‌ဒေးဗစ်‌ဒန်‌းက အ‌ကောင်‌းဆုံးဖြည်‌့‌ဆော့‌ပေးသွားခဲ့ပါတယ်‌။

ဂိုးသမား‌နေရာမှာ‌တော့ ‌ကျော်‌ဇင်‌ထက်‌ကပွဲထွက်‌လာပြီး ‌

နောက်‌တန်‌းက ‌ဇော်‌မင်‌းထွန်‌း ၊ဝင်‌းမင်‌းထွတ်‌ကို အလယ်‌မှာ အထိုင်‌‌ဆော့ခိုင်‌းပြီး သိန်‌းသန်‌းဝင်‌းနဲ့ ‌ဒေးဗစ်‌ဒန်‌းကို‌တော့ Wings Back ‌တွေအဖြစ်‌ကစား‌စေခဲ့တာပါ။‌ရှေ့တန်‌းက ‌အောင်‌သူရဲ့Solo ထိုး‌ဖောက်‌မှု‌တွေဟာလည်‌း အလုပ်‌ဖြစ်‌ခဲ့ပြီး တစ်‌ဖက်‌အသင်‌းကို ‌နေရာလွတ်‌‌တွေဖြစ်‌‌ပေါ်‌စေခဲ့ပါတယ်‌။တိုက်‌စစ်‌မှူး‌ကျော်‌ကိုကိုက‌တော့ ဒီကွက်‌လပ်‌‌တွေကိုအ‌ကောင်‌းဆုံးအသုံးချသွားနိုင်‌တယ်‌လို့ဆိုရပါမယ်‌။

ဒုတိယပိုင်‌းမှာ‌တော့ ‌ကျော်‌ကိုကို‌နေရာမှာမင်‌းမင်‌းသူ၊ရန်‌နိုင်‌ဦး‌နေရာမှာ မျိုးကိုထွန်‌းတို့ကိုဝင်‌ကစား‌စေခဲ့ပါတယ်‌။

အချုပ်‌ဆိုရရင်‌‌တော့ မြန်‌မာအသင်‌းရဲ့မကာအိုနဲ့ပွဲ‌ခြေစွမ်‌းကအားလုံး‌ကောင်‌းပါသည်‌ခင်‌ဗျား‌ပေါ့။

ဒီ‌ခြေစွမ်‌းနဲ့ဆိုရင်‌ ကာဂျစ္စတန်‌ ကို အနိုင်‌ကန်‌ဖို့ မခက်‌ပါဘူး။

မြန်‌မာအသင်‌းရဲ့ အာရှဖလား အိမ်‌မက်‌‌တွေပိုမိုပီပြင်‌လာပြီလို့ဆိုရမှာပါ။

အ‌ရှေ့‌တောင်‌အာရှရဲ့ အာရှဖလားအ‌အောင်‌မြင်‌ဆုံး အသင်‌းကြီး အာရှဖလားပြိုင်‌ပွဲဆီကိုတ‌ကျော့ပြန်‌ပြန်‌လာမယ်‌့ရက်‌‌တွေနီးကပ်‌လာပါပြီ။ 

အာရှကျားကြီးနိုးလာပြီ။

photo-MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။