photo credit - Navi Twitter

Natus Vincere Dota 2 team ကတော့ သူတို့အနေနဲ့ direct invite ရရှိထားတဲ့ BEYOND EPIC tournaments ကို skip ပြုလုပ်သွားမည်ဖြစ်ကြောင်းကြေညာခဲ့ပါတယ်။

Natus Vinvere အနေနဲ့လည်း သူတို့ရဲ့ တည်ငြိမ်မှုမရှိသေးတဲ့ roster အနေအထားကြောင့် ဒီ tournaments ကို skip ပြုလုပ်သွားခဲ့တာပဲဖြစ်ပါတယ်။

ဒါ့ကြောင့် BEYOND EPIC အနေနဲ့လည်း Natus Vincere နေရာမှာ B8 ကိုအစားထိုးဝင်ပြိုင်စေခဲ့ပါတယ်။

Dendi ကြီးရဲ့ B8 အနေနဲ့လည်း BEYOND EPIC closed qualifier မှာ qualified ဖြစ်ဖို့အရမ်းကို နီးစပ်ခဲ့ပေမယ့်လည်း Empire Hope ကိုရော Vikin.gg ကိုရော ရှုံးနိမ့်ပြီး qualified ဖြစ်မယ့် အခွင့်အရေးနဲ့ လွဲချော်ခဲ့ရတာပဲဖြစ်ပါတယ်။

ဒါပေမယ့် ကံအားလျော်စွာနဲ့ပဲ B8 ဟာ BEYOND EPIC မှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရပြီဖြစ်သလို roster လေးယောက်တောင် ချိန်းထားတဲ့ B8 အနေနဲ့လည်း ဒီ tournaments မှာ ဘာ တွေလုပ်ပြနိုင်မလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

B8 ရဲ့ လက်ရှိ roster ကတော့

Po 1- Crystallis

Po 2- Dendi

Po 3- LastHero

Po 4- 5up

Po 5- Fishman

တို့ပဲဖြစ်ပါတယ်။

photo credit - BEYOND EPIC twitter

source - Beyond epic twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။