အကယ်ဒမီထူးချွန်ဆုတွေကို ရရှိပိုင်ဆိုင်ထားပြီး ပြည်သူချစ်မင်းသမီးလေးတစ်လက်အဖြစ် ဆယ်စုနှစ်ကျော်တိုင်အောင် ရပ်တည်နေသူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ပဲ ဖြစ်ပါတယ်။ သူမရဲ့ အသားအရည်လေးဟာလည်း ကိုရီးယားမင်းသမီးလေးလို့ ထင်မှတ်ရလောက်အောင် ဖြူဖွေးဥလွန်းနေတာကြောင့်လည်း မိန်းကလေးချင်းတောင် ငေးမောအားကျယူနေရတာလည်း ဖြစ်ပါတယ်။ ရွှေကစ်လေးဟာ သူမရဲ့ ကိုယ်ခန္ဓာကို ကျန်းမာလှပနေစေရန် လေ့ကျင့်ခန်းတွေ အမြဲလိုလို လုပ်ဆောင်လေ့ရှိသူတစ်ယောက်လည်း ဖြစ်ပါတယ်။  

Photo Crd - Wutt Hmone Shwe Yi's IG Account
Photo Crd - Wutt Hmone Shwe Yi's IG Account
Photo Crd - Wutt Hmone Shwe Yi's IG Account

သူမဟာ လတ်တလောမှာတော့ ကားရိုက်တွေမရှိသေးဘဲ ကြော်ငြာလေးတွေတော့ ရိုက်ကူးပေးနေရတာလည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ ရွှေကစ်တစ်ယောက် အားကစားအသစ်တစ်ခုကို လေ့ကျင့်နေတာပဲ ဖြစ်ပါတယ်။ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်လည်း မကြာခဏ အားကစားလုပ်နေတဲ့ ပုံရိပ်လေးတွေကို တင်ပေးလေ့ရှိနေတာလည်း ဖြစ်ပါတယ်။ ရွှေကစ်လေးရဲ့ ကိုယ်လုံးလေးဟာလည်း တစ်နေ့ထက်တစ်နေ့ ပိုပိုလှလာတာ အထူးတလည် ပြောနေစရာလိုမှာတောင် မဟုတ်ပါဘူးနော်။ 

Photo Crd - Wutt Hmone Shwe Yi's IG Account
Photo Crd - Wutt Hmone Shwe Yi's IG Account
Photo Crd - Wutt Hmone Shwe Yi's IG Account

ဒါကတော့ Trainerနဲ့စနစ်တကျသင်ကြားကာ Boxing ထိုးလေ့ကျင့်နေတဲ့ ပြည်သူချစ်မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ရဲ့ ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။

ဒီပုံရိပ်လေးတွေကိုတော့ သူမရဲ့ Instagram Story မှာ တင်ပေးထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုနိုင်အောင် ရွှေကစ်ရဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd - Wutt Hmone Shwe Yi's IG Account 

Photo Crd - Wutt Hmone Shwe Yi's IG Account
Photo Crd - Wutt Hmone Shwe Yi's IG Account
Photo Crd - Wutt Hmone Shwe Yi's IG Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။