တည်ကြည်ခန့်ညားလွန်းပြီး ဆွဲဆောင်မှုရှိလွန်းတဲ့ အပြုံးလေးတွေကြောင့် နှုတ်ခမ်းနီမလေးတွေ ကြွေနေရသူလေးကတော့ သရုပ်ဆောင် မင်းသားချောလေး ဒေါင်းပဲ ဖြစ်ပါတယ်။ သူဟာ ဆာတိုရီရုပ်ရှင်ထုတ်လုပ်ရေးရဲ့ တိုက်ပိုင်မင်းသားအဖြစ် စာချုပ်ချုပ်ဆိုကာ အနုပညာအလုပ်တွေကို တောက်လျှောက်လုပ်ကိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ရိုက်ကူးခဲ့ပြီး သူပါဝင်သရုပ်ဆောင်ထားတဲ့ ပုဂံမြို့သူ ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲလေးဟာလည်း ပရိသတ်တွေရင်ထဲ ယနေ့ထိတိုင် စွဲကျန်နေတဲ့ ဇာတ်လမ်းလေး ဖြစ်နေခဲ့တာပါ။ 

Photo Crd - Daung's Facebook Page
Photo Crd - Daung's Facebook Page
Photo Crd - Daung's Facebook Page

သူဟာ မကြာခဏဆိုသလို လူမှုကွန်ယက်စာမျက်နှာမှ တစ်ဆင့် ပရိသတ်တွေကို မကြာခဏ ဝတ္ထုလေးတွေ ဖတ်ပြပေးလေ့ ရှိတာပဲဖြစ်ပြီး အားလုံးကလည်း သူ့ရဲ့ ဖြူစင်တဲ့ စိတ်ထားလေးကို လေးစားအားကျနေကြတာလည်း ဖြစ်ပါတယ်။ ဒေါင်းဟာ လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေ မရှိသေးပင်မယ့်လည်း သူပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီး တစ်ချို့လည်း ရုံတင်ပြသရန် ရှိနေတာပဲ ဖြစ်ပါတယ်။ ဒေါင်းဟာ ကလေးတွေကို ချစ်တတ်လွန်းသူ တစ်ယောက်ဖြစ်ပြီး ရောက်ရာနေရာတိုင်းက အမြဲလိုလို ကလေးတွေကို အချိန်ပေးဖြစ်သူ တစ်ယောက်ပါ။  

Photo Crd - Daung's Facebook Page
Photo Crd - Daung's Facebook Page
Photo Crd - Daung's Facebook Page

အခုမှာလည်း သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ကလေးတွေနဲ့အတူ ပျော်ပျော်ပါးပါးကြမ်းပြင်ပေါ်မှာထိုင်ကာဇယ်ခုတ်နေတဲ့ မင်းသားချောလေးဒေါင်းရဲ့ Video လေးပဲ ဖြစ်ပါတယ်။ သူ့ရဲ့ မျက်နှာလေးဟာ အမြဲလိုလို အေးချမ်းတည်ကြည်လွန်းတာကြောင့်လည်း အားလုံးကလည်း ချစ်ခင်အားပေးနေကြတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ဒေါင်းရဲ့ ဗီဒီယိုလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd - Daung's Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။