မင်းသမီးချောလေးယွန်းယွန်းကတော့ အနုပညာလောကထဲကို ငယ်စဉ်တည်းက ဝင်ရောက်လာခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး အနုပညာလောကမှာ နေရာတစ်ခုကို ရယူထားနိုင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သူမကတော့ ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားသူလေးဖြစ်ပြီး မြန်မာဆန်ဆန်ဖက်ရှင်လေးတွေကို ဝတ်ဆင်လေ့ရှိပါတယ်။

photo credit: yoon yoon 's facebook page
photo credit: yoon yoon 's facebook page

သူမကတော့ ပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကားတိုင်းမှာ အပီပြင်ဆုံးသရုပ်ဆောင်နိုင်ခဲ့သူတစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရယူထားနိုင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ရိုးရိုးအေးအေးနဲ့ ပြောဆိုနေထိုင်တတ်တဲ့ သူမကတော့ ယခုမှာ အနုပညာအလုပ်တွေကိုဆက်လက်လုပ်ကိုင်လျက်ရှိနေပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးလျက်ရှိနေကာ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဆိုရင်လည်းမမှားပါဘူး။   

photo credit: phome photography
photo credit: phome photography

သူမကတော့ ယခုမှာ ချစ်စရာပုံစံလေးနဲ့ ရူတင်မှာ Liveလွှင့်ပြီး ပရိသတ်တွေနဲ့ စကားပြောကာ ပျော်ရွှင်ရယ်မောနေခဲ့ပါတယ်။ ပရိသတ်တွေရဲ့ အချစ်တော်လေးဖြစ်နေတဲ့ သူမရဲ့ ချစ်စရာကောင်းလွန်းတဲ့ ပုံစံလေးနဲ့ စကားပြောနေတဲ့ ဗီဒီယိုဖိုင်လေးဟာ ကြည့်ရူသူပရိသတ်တွေကို အချစ်တွေပိုစေခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ယွန်းယွန်းရဲ့ ချစ်စဖွယ်ဗီဒီယိုဖိုင်လေးကို ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါဗီဒီယိုဖိုင်လေးကို အောက်မှာကြည့်နိုင်ပါတယ်။

source: yoon yoon 's facebook page

photo credit: phome photography
photo credit: yoon yoon 's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။