ဝါရင့်မင်းသမီးချောဖြစ်တဲ့ စိုးမြတ်သူဇာကတော့ မြန်မာနိုင်ငံရဲ့ အအောင်မြင်ဆုံးထိပ်တန်းသရုပ်ဆောင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး အောင်မြင်မှုပေါင်းများစွာကို ဆွတ်ခူးထားနိုင်ခဲ့တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ အနုပညာလောကမှာ ဆယ်စုနှစ်တစ်ခုအကြာရပ်တည်ထားနိုင်ပြီး အကယ်ဒမီဆုတွေများစွာကိုလည်း သိမ်းပိုက်ထားနိုင်ခဲ့တဲ့ သူမကတော့ ယနေ့အချိန်ထိ အနုပညာအလုပ်တွေကိုဆက်လက်လုပ်ကိုင်လျက်ရှိနေတာပဲ ဖြစ်ပါတယ်။
ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အချိန်အတော်ကြာရယူထားနိုင်ခဲ့ပြီး ကျရာဇာတ်ရုပ်တွေမှာ အပီပြင်ဆုံးသရုပ်ဆောင်နိုင်ခဲ့တဲ့ သူမကတော့ ဗီဒီယိုဇာတ်ကားတွေများစွာအပြင် ရုပ်ရှင်ဇာတ်ကားတွေများစွာကိုလည်း ရိုက်ကူးခဲ့တဲ့ ပြည်သူချစ်သရုပ်ဆောင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအပြင် အနုပညာရှင်တွေပါ ချစ်စနိုးနဲ့ မကြီးစိုးလို့ ခေါ်ကြတဲ့ သူမကတော့ ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားသူလေးပဲ ဖြစ်ပါတယ်။
သူမကတော့ ယခုမှာ ယနေ့အချိန်ထိအလှမပျက်သေးဘဲ အရွယ်တင်ပြီး နုပျိုလှပနေကာ အနီရောင်ဖက်ရှင်လေးနဲ့ ချစ်စရာကောင်းလွန်းနေပါတယ်။ သူမရဲ့ ကျက်သရေရှိလွန်းပြီး ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေဟာ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် ဝါရင့်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ စိုးမြတ်သူဇာရဲ့ မြန်မာဆန်ဆန်လေးလှပနေတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။
source: မင်းသမီး ပိုးထည်တိုက် 's facebook page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။