ရန်ကုန်ယူနိုက်တက်အသင်းမှ တာဝန်ရှိသူများဟာ ဇွန်လ ၁၂ ရက်နေ့က ထားဝယ်မြို့ သရက်ချောင်း ရေတံခွန်တွင် ရေနစ်ကွယ်လွန်ခဲ့သည့် မြန်မာ့လက်ရွေးစင် ကစားသမားဟောင်းနှင့် ရန်ကုန်အမျိုးသားဘောလုံးအကယ်ဒမီနည်းပြ ဦးအေးဆန်း နေအိမ်သို့ ယနေ့ နေ့လယ်ကသွားရောက်၍ နှစ်သိမ့်အားပေးစကားပြောကြားခဲ့ပါတယ်။ ရန်ကုန်ယူနိုက်တတ်တာဝန်ရှိသူများဟာ အလှုငွေ ကျပ် ၁၀ သိန်းကို ကျန်ရစ်သူမိသားစုထံပေးအပ်လှုဒါန်းခဲ့ပါတယ်။

photo credit : MFF 's facebook page
photo credit : Yangon United Football Club 's facebook page

ရန်ကုန်ယူနိုက်တတ်အသင်းကတော့ " သေဆုံးသူ ဦးအေးဆန်းသည် ဇွန်လ ၁၂ ရက်နေ့ ညနေပိုင်းက ထားဝယ်မြို့၊ သရက်ချောင်း ရေတံခွန်တွင် ရေနစ်ကွယ်လွန် သွားခဲ့ခြင်းဖြစ်သည်။ ဦးအေးဆန်း ကွယ်လွန်ခြင်းအတွက် ရန်ကုန်ယူနိုက်တက်အသင်း ဥက္ကဌနှင့် အုပ်ချုပ်သူ/နည်းပြ၊ ကစားသမားများက အထူးပင်ဝမ်းနည်းကြေကွဲမိပါကြောင်းနှင့် ကွယ်လွန်သူ ကောင်းရာသုဂတိသို့ ရောက်ရှိပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည် " ဆိုပြီး ထုတ်ပြန်ထားခဲ့ပါတယ်။

photo credit : Yangon United Football Club 's facebook page

ဦးအေးဆန်းဟာ ၂၀၀၇ ထိုင်း ဆီးဂိမ်းစ် ငွေတံဆိပ်ဆု ရရှိခဲ့သည့် မြန်မာ ယူ၂၃ အသင်းတွင် နောက်တန်း အတွင်းလူ နေရာမှ စွမ်းစွမ်းတမံ ပါဝင်ကစားခဲ့သူ ဖြစ်သလို ၂၀၁၁ အင်ဒိုနီးရှား ဆီးဂိမ်းစ်တွင်လည်း အသင်းခေါင်းဆောင် အဖြစ် မြန်မာ ယူ၂၃ အသင်းအား တတိယဆု ရရှိရန် ဦးဆောင်ခဲ့သူဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က ဖွင့်လှစ်ထားသည့် ရန်ကုန် အမျိုးသား ဘောလုံးအကယ်ဒမီတွင် နည်းပြတစ်ဦးအဖြစ် လူငယ်ကစားသမားများအား အခြေခံ ဘောလုံးပညာများ သင်ကြားပေးနေသူဖြစ်ပါတယ်။

source: Yangon United Football Club 's facebook page  

photo credit : MLN 's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။