အဆိုတော်မလေး အိမ့်ချစ်ကတော့ ဂီတလောကမှာ နာမည်တစ်လုံးနဲ့အောင်မြင်ကျော်ကြားနေတဲ့ ပရိသတ်အချစ်တော်လေးတစ်ဦး ဖြစ်ပါတယ် ။ သူမရဲ့အသံပါဝါနဲ့ သီဆိုဟန်တွေကလည်း သီချင်းတစ်ပုဒ်ကို အစကနေအဆုံးအထိ ပရိသတ်တွေရဲ့ရင်ထဲထိအောင် ဆွဲဆောင်သွားနိုင်တာလည်း ဖြစ်ပါတယ် ။ အိမ့်ချစ်အနေနဲ့ မကြာသေးခင်ကမှ လက်ထပ်လိုက်တာကြောင့် အခုဆိုရင် အိမ်ထောင်သည်ဘဝလေးကို စတင်ဖြတ်သန်းနေရပြီပဲ ဖြစ်ပါတယ် ။

Photo Credit - Juz Like Yesterday
Photo Credit - Juz Like Yesterday
Photo Credit - Juz Like Yesterday
Photo Credit - Juz Like Yesterday
Photo Credit - Juz Like Yesterday
Photo Credit - Juz Like Yesterday

အိမ့်ချစ်ကတော့ နှစ်နဲ့ချီပြီးအတူလက်တွဲခဲ့တဲ့ သူမရဲ့ချစ်သူနဲ့ လက်ထပ်ထိမ်းမြားခဲ့တာပဲ ဖြစ်ပါတယ် ။ အိမ့်ချစ်ရဲ့လက်တွဲဖော်ကလည်း သူမရဲ့အပေါ်မှာ နွေးထွေးတဲ့မေတ္တာတွေနဲ့ ဂရုစိုက်ကြင်နာမှုပေးနိုင်တဲ့ ခင်ပွန်းကောင်းတစ်ယောက်လို့ အားလုံးကအသိအမှတ်ပြုကြတာ ဖြစ်ပါတယ်။ အခုလည်း အိမ့်ချစ်က သူမတို့ဇနီးမောင်နှံရဲ့အမှတ်တရနေ့လေးက ပုံရိပ်တွေကို ပြန်လည်မျှဝေပေးထားတာ ဖြစ်ပါတယ် ။

Photo Credit - Juz Like Yesterday
Photo Credit - Juz Like Yesterday
Photo Credit - Juz Like Yesterday
Photo Credit - Juz Like Yesterday
Photo Credit - Juz Like Yesterday
Photo Credit - Juz Like Yesterday
Photo Credit - Juz Like Yesterday

အိမ့်ချစ်က "နှစ်ဖက်မိဘတွေနဲ့တရားသူကြီးရှေ့မှောက်မှာ လက်မှတ်ထိုးခဲ့တဲ့နေ့က အမှတ်တရပုံလေးတွေ...."ဆိုပြီး မျှဝေထားတာ ဖြစ်ပါတယ် ။ အိမ့်ချစ်တို့ဇနီးမောင်နှံကတော့ ပြီးခဲ့တဲ့ဇွန်လ (၆)ရက်နေ့မှာ လူကြီးစုံရာနဲ့ တရားဝင်မင်္ဂလာလက်မှတ်ရေးထိုးခဲ့ကြတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် နှစ်ကိုယ်တူဘဝလေးကို စတင်တည်ဆောက်ခဲ့ကြတဲ့ အိမ့်ချစ်တို့ဇနီးမောင်နှံရဲ့Romantic ဆန်ဆန် ကြည်နူးစရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source: Eint Chit's FB Page

Photo Credit - Juz Like Yesterday

Photo Credit - Juz Like Yesterday
Photo Credit - Juz Like Yesterday
Photo Credit - Juz Like Yesterday
Photo Credit - Juz Like Yesterday
Photo Credit - Juz Like Yesterday
Photo Credit - Juz Like Yesterday
Photo Credit - Juz Like Yesterday
Photo Credit - Juz Like Yesterday
Photo Credit - Juz Like Yesterday

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။