ပရိသတ်ကြီးရေ တက်သစ်စမင်းသားချောလေး ကျော်ထက်ဇော် ကတော့ အနုပညာလောမှာ အကောင်းဆုံးလျှောက်လှမ်းလာခဲ့ပြီး ယခုဆိုရင် ပရိသတ်တွေရဲ့ချစ်ခင်မှုတွေကြောင့် နေရာလေးတစ်ခုကို ရပ်တည်နိုင်ခဲ့ပါပြီနော်...။ ကျော်ထက်ဇော်ကတော့ ရုပ်သံဇာတ်လမ်းတွေထဲမှာ ပါဝင်သရုပ်ဆောင်မှုအပြင် Photo Shooting လေးတွေကိုလည်း ရိုက်ကူးနေရတဲ့သူပဲဖြစ်ပါတယ်။ သူ့ရဲ့ တည်ကြည်ခန့်ညားမှုတွေနဲ့ ဆွဲဆောင်မှုရှိတဲ့ အပြုံးလေးတွေကြောင့်လည်း နှုတ်ခမ်းနီမလေးတွေရဲ့ အားပေးချစ်ခင်မှုတွေကို အပြည့်အဝ ရရှိထားတာဖြစ်ပါတယ်။

Photo & Video Credit - Kyaw Htet Zaw
Photo & Video Credit - Kyaw Htet Zaw

မင်းသားချောလေး ကျော်ထက်ဇော် ကတော့ အနုပညာနယ်ပယ်မှာ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်အောင်လည်း ကြိုးစားလုပ်ကိုင်နေတဲ့ သူလေးပဲဖြစ်ပါတယ်။ လတ်တလော MRTV - 4 မှာ ထုတ်လွှင်ပြသနေတဲ့ " အချစ်ဖွဲလေးညင် " ရုပ်သံဇာတ်လမ်းတွဲလေးမှာလည်း ကျော်ထက်ဇော်ကို ပရိသတ်တွေက ပိုပြီးအသိမှတ်ပြု ချစ်ခင်အားပေးလာတာကိုလည်းတွေ့ရပါတယ်။ ယခုဆိုရင်တော့ ပရိသတ်တွေအထူးအားပေးခဲ့ရတဲ့ " အချစ်ဖွဲ့လေညင်း " ရုပ်သံဇာတ်လမ်းတွဲလေးကတော့ ထုတ်လွှင်ပြသလို့ပြီးသွားခဲ့ပြီလည်းဖြစ်ပါတယ်။

Photo & Video Credit - Kyaw Htet Zaw
Photo & Video Credit - Kyaw Htet Zaw

ကျော်ထက်ဇော် ကတော့ ဇာတ်လမ်းလေးနဲ့ ခွဲရတော့မယ့် ပရိသတ်တွေကို Live ဗီဒီယိုနဲ့ ရင်းရင်းနှီးနှီး မျက်ရည်လေးတွေဝဲဝဲလေးနဲ့ ကျေးဇူးတင်စကားတွေပြောရင်း အမှတ်တရလေးတွေပြောပြထားတဲ့ ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။ ဒါ့အပြင် ကျော်ထက်ဇော် ကတော့ နောက်လျှောက်လှမ်းမယ့် အနုပညာအလုပ်တွေကို ပြောပြထားပါသေးတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ ဆရာလေးရောင်နီ နဲ့ ခွဲရတော့ ပရိသတ်တွေအတွက် အလွမ်းပြေအောင် ကျော်ထက်ဇော် ရဲ့ ဗီဒီယိုလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo & Video Credit - Kyaw Htet Zaw

Photo & Video Credit - Kyaw Htet Zaw

Source - Kyaw Htet Zaw's facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။