photo credit - G2 Esports twitter

Europe region က Esports organization တစ်ခုဖြစ်တဲ့ G2 Esports ကတော့ သူတို့ရဲ့ ပထမဆုံး Valorant team ကိုစတင်ဖွဲ့စည်းတော့မှာပဲဖြစ်ပါတယ်။

G2 Esports CS:Go team အနေနဲ့လည်း လက်ရှိ CS:GO world Ranking မှာ No.1 နေရာကို ရရှိထားတဲ့ team တစ်ခုဖြစ်ပြီး Valorant game ဘက်ကိုလည်း စတင်ခြေချဖို့ကြံစည်နေသလို ပထမဆုံး Valorant team ရဲ့ member ကိုလည်း ကြေညာခဲ့ပြီပဲဖြစ်ပါတယ်။

G2 Esports ကြေညာခဲ့တဲ့ ပထမဆုံး Valorant Team ရဲ့ member ကတော့ mixwell ပဲဖြစ်ပါတယ်။

Mixwell ကတော့ CS:GO နယ်ပယ်မှာ လူကြိုက်များတဲ့ players တွေထဲကတစ်ဦးဖြစ်ပြီး OpTic Gaming တို့ Cloud9 တို့မှာကစားဖူးတဲ့အပြင် G2 Esports CS:GO team မှာလည်း အငှားအနေနဲ့ လာကစားခဲ့ဖူးတဲ့ players တစ်ယောက်ပဲဖြစ်ပါတယ်။

Mixwell အနေနဲ့လည်း 2020 ခုနှစ် 2 လပိုင်း 9 ရက်နေ့မှာ သူနောက်ဆုံးကစားခဲ့တဲ့ Cloud9 ကထွက်ခွာပြီး Valorant Game ကို အာရုံစိုက်ကစားနေခဲ့ရာကနေ G2 Esports Valorant Team ရဲ့ ပထမဆုံး member ဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။

Mixwell ကတော့ G2 Esports Valorant team မှာ captain နေရာကနေ တာဝန်ယူဆော့ကစားသွားမှာဖြစ်ပြီး ဘယ်သူတွေနဲ့ အတူဆော့ရမလဲဆိုတာကတော့ G2 Esports ကြေညာမယ့် roster ကိုစောင့်ကြည့်သွားရမှာပါပဲ။

source -G2 Esports twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။