ပရိသတ်ကြီးရေ သရုပ်ဆောင်စမိုင်းလ်ကတော့ လက်ရှိမှာဆိုရင်လည်း အလှူအတန်းတွေကို တတ်နိုင်သလောက်အများအပြားလုပ်ဆောင်နေတာဖြစ်ပါတယ်။မကြာခင်မှာကျရောက်လာတော့မယ့် သူမရဲ့မွေးနေ့လေးမှာလည်း အလှူအတန်းတွေလုပ်ဆောင်ဖို့ အစီအစဉ်တွေဆွဲထားသလို ပရိသတ်တွေနဲ့လည်း Game တွေအတူတူကစားပြီး လက်ဆောင်တွေပေးဦးမှာဖြစ်ပါတယ်။စမိုင်းလ်တို့မိသားစုလေးကတော့ အကျိုးရှိမယ့်အလုပ်လေးတွေကို အားကျိုးမာန်တက်လုပ်ဆောင်ကြတဲ့ မိသားစုလေးဖြစ်ပါတယ်နော်။

Photo Credit;စမိုင်းလ် Smile's Facebook Page
Photo Credit;စမိုင်းလ် Smile's Facebook Page
Photo Credit;စမိုင်းလ် Smile's Facebook Page

စမိုင်းလ်ရဲ့ချစ်ခင်ပွန်းကလည်း ချစ်ဇနီးချောလေးကိုအရမ်းချစ်လွန်းလို့ အမြဲစိတ်ချမ်းသာအောင်ထားပေးပြီး လိုအပ်သမျှကိုလိုက်လုပ်ပေးနေတဲ့အိမ်ထောင်ဦးစီးတစ်ယောက်ပါနော်။စမိုင်းလ်ရဲ့သမီးလေးနှစ်ယောက်ကလည်း ဆယ်ကျော်သက်အရွယ်လေးတွေကိုရောက်ရှိနေကြပြီဖြစ်လို့ အရမ်းသိတတ်လိမ္မာနေပြီး ဖေဖေ၊မေမေတို့ရဲ့စကားတွေကိုလည်း နားထောင်ကြပါတယ်။သမီးငယ်လေးကလိုဝီကတော့ ဒီနေ့လေးမှာဆိုရင် အသက် (၁၂)နှစ်ပြည့်သွားပြီဖြစ်ပါတယ်နော်။

Photo Credit;စမိုင်းလ် Smile's Facebook Page
Photo Credit;စမိုင်းလ် Smile's Facebook Page

စမိုင်းလ်တို့မိသားစုလေးက သမီးငယ်လေးရဲ့မွေးနေ့လေးမှာဆိုရင် ခိုင်နှင်းဝေရဲ့ဂေဟာကိုသွားရောက်ပြီးတော့လည်း အလှူတွေလုပ်ဆောင်ဦးမှာဖြစ်ပါတယ်။အခုဆိုရင်တော့ ကလိုဝီလေးက မွေးနေ့မနက်လေးမှာ ကုသိုလ်တွေအများကြီးရအောင်လို့ မေမေနဲ့အတူ ဆွမ်းဟင်း၊ထမင်းတွေ ဖွယ်ဖွယ်ရာရာကပ်လှူပြီး ဘုရားရှိခိုးနေတာဖြစ်ပါတယ်။အသက်ငယ်ငယ်လေးနဲ့အရမ်းလိမ္မာပြီး အေးချမ်းတဲ့မျက်နှာပိုင်ရှင်လေး ကလိုဝီရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit;စမိုင်းလ် Smile's Facebook Page
Photo Credit;စမိုင်းလ် Smile's Facebook Page
Photo Credit;စမိုင်းလ် Smile's Facebook Page

Source&Photo Credit;စမိုင်းလ် Smile's Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။