ပရိသတ်ကြီးရေ အနုပညာရှင်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားရင်း ပရိသတ်တွေကို သူမရဲ့တက်စွမ်းတဲ့ သရုပ်ဆောင် အရည်အချင်းလေးနဲ့ အမြဲချပြလေ့ရှိတဲ့ မင်းသမီးချောလေး ခန့်ကို မိတ်ဆက်ပေးစရာမလိုလောက်အောင် ရင်းနှီးပြီးသားဖြစ်မှာ အသေအချာပါပဲနော်။ သူမက ဇာတ်လမ်းတွဲတွေမှာ စတင်သရုပ်ဆောင်ရင်း ပီပြင်တဲ့ သရုပ်ဆောင်မှုတွေနဲ့ ပရိသတ်ရဲ့ အသိအမှတ်ပြုခြင်းကို အပြည့်အဝရရှိထားတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်.........။

Photo credit - Khant' s facebook account
Photo credit - Khant' s facebook account

ခန့်က အနုပညာလှုပ်ရှားမှုတွေကို ကြိုးစားလုပ်ကိုင်နေပြီး လတ်တလောမှာလည်း ကြော်ငြာတွေနဲ့ Photo shooting တွေကိုလည်း လက်ခံရိုက်ကူးနေရတဲ့ သူလည်းဖြစ်ပါတယ်။ ဒါ့အပြင် ခန့်က သူမပါဝင်သရုပ်ဆောင်ထားတဲ့ " အချစ်ဖွဲ့လေညင်း " ဆိုတဲ့ ဇာတ်လမ်းတွဲလေးက မနေ့ညက ဇာတ်သိမ်းသွားပြီပဲဖြစ်ပါတယ်။ ဇာတ်လမ်းတဲ့ အနှစ်သာရကို ပီပြင်စွာပုံဖော်တက်တဲ့ သရုပ်ဆောင် မင်းသမီးချောလေး ခန့်ကို ပရိသတ်တွေကလည်း အချစ်ပိုနေကြတာပဲဖြစ်ပါတယ်..........။

Photo credit - Khant' s facebook account
Photo credit - Khant' s facebook account

ယနေ့မှာတော့ ခန့်က " ဒီနေ့ "အချစ်ဖွဲ့လေညင်း" ဇာတ်လမ်းတွဲလေး ပြီးဆုံးသွားပြီနော် ပရိသတ်ကြီးနဲ့ခွဲရတော့မယ်။ ဇာတ်လမ်းတွဲတွင်ပါဝင်သော ဝါရင့်အနုပညာရှင်ကြီးများနှင့် Talent သရုပ်ဆောင်ညီအကိုမောင်နှမအားလုံးကိုကျေးဇူးတင်ပါတယ် အထူးကျေးဇူးတင်တာကတော့ ဒီကားလေးမှာ ခန့်ကိုချစ်ပေးပြီးဝေဖန်အားပေးကြတဲ့ ပရိသတ်ကြီးနှင့် Vitamins လေးတို့ကို ကျေးဇူးတင်ပါတယ် ခန့်ကိုဆက်လက်ချစ်ပေးကြပါနော် ခန့်ရှေ့လျှောက်ပိုကြိုးစားပါ့မယ် " ဆိုပြီး ရေးသားထားတာဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်.......။ 

Photo credit - Khant' s facebook account
Photo credit - Khant' s facebook account

Source & Photo credit - Khant' s facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။