မိန်းကလေးတွေကို လှစေချင်တဲ့ စိတ်တစ်ခုတည်းနဲ့ အကောင်းဆုံး ဖန်တီးပြင်ဆင်ပေးသူကတော့ မိတ်ကပ်ဖန်တီးပညာရှင် ညီညီမောင်(စမ်းချောင်း)ပဲ ဖြစ်ပါတယ်။ သူမဟာ မိတ်ကပ်ဖန်တီးရှင်လောကမှာ ဆယ်စုနှစ်နှစ်စုတိုင်အောင် အခက်အခဲတွေများစွာကြားထဲက အောင်မြင်အောင် ကြိုးစားလုပ်ကိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ လူတိုင်းအပေါ်ကိုလည်း အမြဲစိတ်ထားကောင်းမွန်စွာ ဆက်ဆံတာကြောင့်လည်း ပရိသတ်တွေသာမက အနုပညာရှင်များကပါ ချစ်ခင်နေကြတာလည်း ဖြစ်ပါတယ်။ 

Photo Crd - Nyi Nyi Maung's Facebook And Tik Tok Account
Photo Crd - Nyi Nyi Maung's Facebook And Tik Tok Account
Photo Crd - Nyi Nyi Maung's Facebook And Tik Tok Account

သုသုဟာ မိတ်ကပ်ဖန်တီးရှင်တစ်ယောက်ဖြစ်ရုံသာမက ဘဲ ရုပ်ရှင်ဇာတ်ကားကြီးများပါ လက်ခံရိုက်ကူးနေရပြီပဲ ဖြစ်ပါတယ်။ သူမ ပထမဆုံး ရိုက်ကူးခဲ့တဲ့ ကျားကျားကြိုက်ကြိုက် ရုပ်ရှင်ဇာတ်ကားကြီးဟာလည်း ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုတွေကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ဒီနောက်ပိုင်းမှာလည်း ကာရိုက်တာအဆန်းလေးတွေကို လက်ခံရိုက်ကူးဖြစ်နေတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ သုသုတစ်ယောက် ကြော်ငြာလေးတွေပဲ တောက်လျှောက် ရိုက်ကူးနေရတာပဲ ဖြစ်ပါတယ်။ 

Photo Crd - Nyi Nyi Maung's Facebook And Tik Tok Account
Photo Crd - Nyi Nyi Maung's Facebook And Tik Tok Account
Photo Crd - Nyi Nyi Maung's Facebook And Tik Tok Account

အခုမှာလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဓာတ်ပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ဂျပန်မလေးတစ်ယောက်လို ပြင်ဆင်ထားကာ ကြော်ငြာလေးတစ်ခု ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဝတ်စုံလေးနဲ့ပဲ Tik Tok Video လေးပါ ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ သုသုကလည်း " ဆာကူရာလို့ အကျယ်ကြီး

အော်ခေါ်ကြည့်ပါလား " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် သုသုရဲ့ Tik Tok Video လေးနဲ့ပုံလေးတွေကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd - Nyi Nyi Maung's Facebook And Tik Tok Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။