နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ တာဝန် ထမ်းဆောင်လျက် ရှိသည့်စခန်း များအား အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများက ချဉ်းကပ်သဖြင့် ပစ်ခတ် ရှင်းလင်း အကြမ်းဖက် စီးနင်းသူတစ်ဦး ဖမ်းဆီးရမိ

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် မှတ်တိုင် အမှတ် (၄၈)အနီးရှိ နယ်ခြား စောင့်ရဲတပ်ဖွဲ့ဝင်များ တာဝန်ထမ်း ဆောင်လျက် ရှိသည့် ကင်းစခန်း မြောက်ဘက်ခြံစည်းရိုး လျှိုအနီးသို့ ယမန်နေ့ နံနက် ၃ နာရီ မိနစ် ၂ဝ ခန့်က အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများ ချဉ်းကပ်လာသဖြင့် ပစ်ခတ်ခဲ့ရာ နံနက် ၅ နာရီခွဲခန့်တွင် ၎င်းလျှို အတွင်းသို့ ပြန်လည် ဆုတ်ခွာသွားခဲ့သည်။

ထို့အတူ နံနက် ၃ နာရီ မိနစ် ၄ဝ ခန့်တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ တာဝန်ထမ်းဆောင်လျက်ရှိသည့် ဗန္ဓုလစခန်း၏ အနောက်ဘက်သို့ ဦးတည် လာသည့် ဓာတ်မီးရောင်များကြောင့် ပစ်ခတ်ခဲ့ရာ နံနက် ၅ နာရီခွဲခန့် တွင် ပြန်လည် ဆုတ်ခွာသွားခဲ့သည်။

ယနေ့ ညနေ ၃ နာရီ ၁၅ မိနစ်ခန့် ကလည်း တပ်မတော်စစ်ကြောင်းသည် ဇင်ပိုင်ညာကျေးရွာတစ်ဝိုက် နယ်မြေရှင်းလင်းစဉ် မသင်္ကာဖွယ် မာမွတ် အီဆု (ဘ) အလီဟူဆောင်း၏နေအိမ် အားဝင်ရောက်ရှင်းလင်းရာ ၎င်းနောက်ကျော တွင် ထိုးထားသည့် အရိုး/အသွား နှစ်ပေခန့်ရှိ ဦးချွန်ဓား တစ်ချောင်းနှင့် ၎င်းထိုင်သည့် ဖျာအောက်မှ အရိုး/အသွား နှစ်ပေ ခန့်ရှိဓား သုံးချောင်းတို့ကို သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းကျေးရွာအတွင်း ဆက်လက်ရှင်းလင်းရာ အရိုး/အသွား နှစ်ပေခန့်ရှိ ဦးချွန်ဓား ၃၆ ချောင်းကို ထပ်မံသိမ်းဆည်း ရမိ ခဲ့ကြောင်း သတင်းရရှိသည်

Credit - MOI Webportal Myanmarရခိုင်ပြည်နယ် မောင်တောမြို့နယ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် မှတ်တိုင် အမှတ် (၄၈)အနီးရှိ နယ်ခြား စောင့်ရဲတပ်ဖွဲ့ဝင်များ တာဝန်ထမ်း ဆောင်လျက် ရှိသည့် ကင်းစခန်း မြောက်ဘက်ခြံစည်းရိုး လျှိုအနီးသို့ ယမန်နေ့ နံနက် ၃ နာရီ မိနစ် ၂ဝ ခန့်က အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများ ချဉ်းကပ်လာသဖြင့် ပစ်ခတ်ခဲ့ရာ နံနက် ၅ နာရီခွဲခန့်တွင် ၎င်းလျှို အတွင်းသို့ ပြန်လည် ဆုတ်ခွာသွားခဲ့သည်။

ထို့အတူ နံနက် ၃ နာရီ မိနစ် ၄ဝ ခန့်တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ တာဝန်ထမ်းဆောင်လျက်ရှိသည့် ဗန္ဓုလစခန်း၏ အနောက်ဘက်သို့ ဦးတည် လာသည့် ဓာတ်မီးရောင်များကြောင့် ပစ်ခတ်ခဲ့ရာ နံနက် ၅ နာရီခွဲခန့် တွင် ပြန်လည် ဆုတ်ခွာသွားခဲ့သည်။

ယနေ့ ညနေ ၃ နာရီ ၁၅ မိနစ်ခန့် ကလည်း တပ်မတော်စစ်ကြောင်းသည် ဇင်ပိုင်ညာကျေးရွာတစ်ဝိုက် နယ်မြေရှင်းလင်းစဉ် မသင်္ကာဖွယ် မာမွတ် အီဆု (ဘ) အလီဟူဆောင်း၏နေအိမ် အားဝင်ရောက်ရှင်းလင်းရာ ၎င်းနောက်ကျော တွင် ထိုးထားသည့် အရိုး/အသွား နှစ်ပေခန့်ရှိ ဦးချွန်ဓား တစ်ချောင်းနှင့် ၎င်းထိုင်သည့် ဖျာအောက်မှ အရိုး/အသွား နှစ်ပေ ခန့်ရှိဓား သုံးချောင်းတို့ကို သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းကျေးရွာအတွင်း ဆက်လက်ရှင်းလင်းရာ အရိုး/အသွား နှစ်ပေခန့်ရှိ ဦးချွန်ဓား ၃၆ ချောင်းကို ထပ်မံသိမ်းဆည်း ရမိ ခဲ့ကြောင်း သတင်းရရှိသည်

Credit - MOI Webportal Myanmar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။