ပရိသတ်တွေရဲ့အချစ်တွေကို သိမ်းပိုက်ထားကြတဲ့ ပြည်သူ့အသည်းကျော် မင်းသမီးချောမေမြင့်မိုရ်ကတော့ သရုပ်ဆောင်ကောင်းတဲ့အပြင် ဆွဲဆောင်မှုရှိတဲ့ ချစ်စရာကောင်းသူလေးပါ..။

အောင်မြင်မှုတွေများစွာနဲ့ ရပ်တည်လျှောက်လှမ်းနေတဲ့ မေလေးကိုတော့ ယောကျ်ားလေးပရိသတ်တွေက သည်းသည်းလှုပ်ချစ်ခင်ကြသလို မိန်းကလေးပရိသတ်တွေကလည်း အားပေးဝန်းရံကြသူလေးပဲ ဖြစ်ပါတယ်..။

ပရိသတ်အသည်းကျော်လေး မေမြင့်မိုရ်ဟာ ကျော့ရှင်းပြီး အေးချမ်းတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားသလို အမိုက်စားဖက်ရှင်လေးတွေနဲ့ ဆွဲဆောင်မှုရှိရှိ ဖမ်းစားတတ်သူလေးပဲ ဖြစ်ပါတယ်နော်..။

မေလေးကတော့ သူမရဲ့လှုပ်ရှားမှုလေးတွေကို အမြဲမျှဝေလေ့ရှိပြီး ချစ်စရာ Tik Tok ဗီဒီယိုလေးတွေလည်း မကြာခဏဆော့ကစားကာ ပရိသတ်တွေကို အချစ်ပိုစေသလို အခုတစ်ခါမှာလည်း ချစ်စရာဗီဒီယိုလေးနဲ့ သဘောကျစေပြန်ပါတယ်နော်..။

"သူရဲ့ `မေ‘ တဲ့... " ဆိုပြီး ချစ်စရာကောင်းလွန်းတဲ့ သူမရဲ့ Tik Tok ဗီဒီယိုဖိုင်လေးကို မေလေးက ချစ်ပရိသတ်တွေကို ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ်..။

ချစ်စရာကောင်းတဲ့ လှုပ်ရှားမှုဟန်ပန်လေးတွေနဲ့ ပရိသတ်တွေရဲ့အသည်းတွေကို ခြွေယူလိုက်တဲ့ မေလေးရဲ့ ဗီဒီယိုဖိုင်လေးကိုတော့ အားလုံးပဲ သဘောကျအချစ်ပိုနေကြမှာပါနော်..။

Source & Photo Credit - May Myint Mo's FB Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။