ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကျောက်တုံးများကို တစ်တုံးပေါ်တစ်တုံးဆင့်ပြီး တည်ဆောက်ထားတဲ့ "Tarr Steps" ရှေးဟောင်း တံတား တစ်စင်း အကြောင်းကို တင်ဆက်ပေးသွားမှာပါ။ ဗြိတိန်နိုင်ငံ၊ ဆမ်မာဆက်မြို့ရှိ "Exmoor"အမျိုးသားဥယျာဉ်အတွင်း "Barle"မြစ်ကို ဖြတ်ကူးဖို့အတွက် တည်ဆောက်ထားတဲ့ တံတားဖြစ်ပါတယ်။ တံတားတည်ဆောက်ခဲ့တဲ့ ခုနှစ်အတိအကျကို သိရှိဖို့အတွက် ခက်ခဲသော်လည်း ခရစ်တော် မပေါ်မီ နှစ် ၃၀၀၀မှ အလယ်ခေတ်ကြား တည်ဆောက်ခဲ့တယ်လို့ ခန့်မှန်းကြပါတယ်။ တံတားနှင့် ပတ်သက်တဲ့ အစောဆုံးမှတ်တမ်း အထောက်အထားကို လွန်ခဲ့သော နှစ် ၁၅၀၀ (Tudor ခေတ်) မှာ တွေ့ရှိခဲ့ကြပါတယ်။

photo credit pngtree

ထိုတံတားနဲ့ ပတ်သက်ပြီး ဒဏ္ဍာရီတွေလည်းရှိခဲ့ပါတယ်။ ထိုတံတားဟာ Barle မြစ်ကို ဖြတ်ကူးတဲ့ ဘယ်သူ့ကိုမဆို သတ်ဖြတ်ရန် သစ္စာပြုထားသော နတ်များက ဖန် ဆင်းခဲ့တယ်လို့ ပြောဆိုခဲ့ကြပါတယ်။ ထိုအဆိုကို စမ်းသပ်ရန် ရွာသားများက ကြောင်တစ်ကာင်ကို တံတားပေါ်မှ ဖြတ်သန်းစေခဲ့ရာ ကြောင်ဟာ အငွေ့ပြန်ခဲ့တယ်လို့ ဆိုကြပါတယ်။ ထို့နောက် အင်္ဂလန် ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးကို စေလွှတ်ပြီး တွေ့ဆုံငြင်းခုန်ခဲ့ကာ နောက်ဆုံးမှာတော့ တံတားကို အသုံးပြုရန် သဘောတူညီမှု ရခဲ့ပါတယ်။ ဒါပေမယ့် ထိုနတ်သား နေပူဆာလှုံတဲ့ အချိန်မှာ တံတားကို ဖြတ်သန်းဖို့တားမြစ်ထားတာကြောင့် ထိုအချက်ကို သတိပြုရမယ်လို့ ဒဏ္ဍာရီလာ ဆိုရိုးစကားများ ရှိခဲ့ပါတယ်။

photo credit pngtree

Tarr Steps တံတားဟာ ခေတ်ကာလများစွာ ဖြတ်သန်းခဲ့ပြီးနောက် မူလလက်ရာ နီးပါးကျန်ရှိခဲ့သော်လည်း ကျောက်တုံးများကိုစီပြီး တည်ဆောက်ထားတာကြောင့် တံတားရဲ့ အုတ်မြစ်ဟာ ခိုင်ခံ့ခြင်းမရှိဘဲ ရေတိုက်စားမှုဒဏ်ကို ခံခဲ့ရပါတယ်။ ကျောက်တုံး အစိတ်အပိုင်းများဟာ ရေမှာ လိမ့်ပါခဲ့တာကြောင့် ကျောက်တုံးများကို ပြန်လည်ရှာဖွေပြီး ပြန်စီခဲ့ကြရပါတယ်။ ရေတွင်ပါသွားတဲ့ ကျောက်တုံးများကို အကြိမ်များစွာကောက်ယူပြီး တံတားမှာ ပြန်လည်ထားရှိခဲ့ရတဲ့တိုင်အောင် Tarr Steps ကို မူလလက်ရာအတိုင်း မြင်တွေ့နိုင်ကြမှာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်း ဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။