သရုပ်ဆောင် မင်းသားချော သားညီကတော့ ယောက်ျားပီသပြီး ခန့်ညားတဲ့ရုပ်ရည်နဲ့ တစ်ခေတ်တစ်ခါက ပျိုမဒီလေးတွေရဲ့အသည်းစွဲဖြစ်ခဲ့တာ ဖြစ်ပါတယ် ။ သားညီက သရုပ်ဆောင်အလုပ်ကို နှစ်ပေါင်းများစွာကြာအောင် လုပ်ကိုင်ခဲ့ပြီး အခုချိန်မှာလည်း ဇာတ်ကားတွေရိုက်ကူးနေဆဲ ဖြစ်ပါတယ် ။ သားညီက သရုပ်ဆောင်အဖြစ်သာမက ဒါရိုက်တာအဖြစ်ပါ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေ ရိုက်ကူးတင်ဆက်နေတာလည်း ဖြစ်ပါတယ် ။

Photo Credit-Thar Nyi's FB Acc
Photo Credit-Thar Nyi's FB Acc
Photo Credit-Thar Nyi's FB Acc

သားညီက အနုပညာလမ်းကြောင်းပေါ်မှာ ကြိုးစားလုပ်ကိုင်ရင်း လျှောက်လှမ်းနေတာဖြစ်ပြီး အစ်ကိုဖြစ်သူဒွေးကိုလည်း အမြဲတမ်းသတိတရရှိနေတာ ဖြစ်ပါတယ် ။ ဒီနေ့မှာလည်း သားညီကဒွေးကို သတိရလွမ်းဆွတ်တဲ့အနေနဲ့ အမှတ်တရပုံလေးတစ်ပုံကို တင်ထားတာ ဖြစ်ပါတယ် ။ သားညီက " အဲ့လိုမျက်လုံးမျိုးနဲ့ကြည့်ပြီး အဆူမခံရတာ ကြာပေါ့ !!!" ဆိုပြီး ဒွေးဆီကအဆူမခံရတာကြာပြီဖြစ်ကြောင်း ရေးသားထားတာလည်း ဖြစ်ပါတယ် ။

Photo Credit-Thar Nyi's FB Acc
Photo Credit-Thar Nyi's FB Acc
Photo Credit-Thar Nyi's FB Acc

သားညီနဲ့ဒွေးကတော့ တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင်ရှိခဲ့ကြပြီး ဇာတ်ကားတွေလည်း အတူတူရိုက်ကူးခဲ့ကြတာ ဖြစ်ပါတယ် ။ ကွယ်လွန်သွားတာ ဆယ်နှစ်ကျော်ရှိနေပြီဖြစ်တဲ့ ဒွေးကိုတော့ သားညီကအမြဲတမ်းသတိရပြီး အလွမ်းပြေပုံလေးတွေကို တင်လေ့ရှိတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် ဒွေးနဲ့ သားညီရဲ့ အမှတ်တရပုံရိပ်ဟောင်းလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Thar Nyi's FB Acc

Photo Credit-Thar Nyi's FB Acc
Photo Credit-Thar Nyi's FB Acc
Photo Credit-Thar Nyi's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။