ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာတစ်လွှားရှိ ထင်ရှားကျော်ကြားသော ရဲတိုက်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ "Spis Castle" စပိစ်ရဲတိုက် အကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ လတ်တလော အနုပညာရှင် လှုပ်ရှားမှု သတင်း၊ ပြည်တွင်းပြည်ပ အားကစားသတင်း (E-sports အပါအဝင်)၊ ကမ္ဘာ တစ်ဝှမ်းရှိ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားပေးဖို့ မမေ့ပါနဲ့ဦးနော်။

photo credit pngtree

အကျယ်အဝန်း ၄၉၄၈၅ စတုရန်းမီတာရှိတဲ့ စပိစ် ရဲတိုက်ဟာ စလိုဗေးကီးယားနိုင်ငံအရှေ့ပိုင်း၊ စပိစ်ဒေသမှာ တည်ရှိပြီး အလယ်ခေတ်အတွင်းက ဥရောပတိုက်အလယ်ပိုင်းမှာ တည်ဆောက်ခဲ့သော အကြီးဆုံးရဲတိုက်များအနက် တစ်ခု ဖြစ်ပါတယ်။ စပိစ်ရဲတိုက်ရဲ့ ပင်မအဆောက်အအုံကို ၁၃ ရာစုဝက် အစောပိုင်းမှာ ကျောက်တုံးနံရံများဖြင့် တည်ဆောက်ခဲ့ပြီး ရဲတိုက်ရဲ့ အောက်ပိုင်း အဝန်းအဝိုင်းကိုတော့ ၁၅ ရာစု အလယ်မှာ တည်ဆောက်ခဲ့ပါတယ်။

photo credit pngtree

စပိစ်ဟာ ရဲတိုက် အဝန်းအဝိုင်းရဲ့ ထိပ်ပိုင်းမှာ လှပစွာ တည်ရှိနေပြီး ရုပ်ရှင်ဇာတ်လမ်းတွင် မကြာခဏ မြင်တွေ့ ကြရမှာ ဖြစ်ပါတယ်။ ပင်လယ်ရေပြင်အထက် ၂၀၈၀ ပေမြင့်တဲ့ စပိစ်ဟာ ၁၇၆၀ ပြည့်နှစ်နောက်ပိုင်းမှစပြီး အသုံးပြုခြင်းမရှိတော့ဘဲ ၁၉၉၃ ခုနှစ်မှာ ကမ္ဘာ့အမွေအနှစ်ဒေသ ဖြစ်လာခဲ့ပါတယ်။၂၀၁၆ ခုနှစ်မှာ စပိစ်သို့ လူပေါင်း ၂၀၈၀၀၀ လာရောက် လည်ပတ်ခဲ့ကြပါတယ်။ နောင်လည်း စိတ်ဝင်စားဖွယ် ရဲတိုက်ကြီးတွေအကြောင်းကို တင်ဆက်ပေးသွားမှာပါနော်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။