ပရိသတ်ကြီးရေ ဒီတစ်ပါတ်မှာတော့ တောင်အာဖရိကနိုင်ငံမှာ တည်ရှိတဲ့ "Marloth"မြို့ အကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ထိုမြို့ဟာ ခြင်္သေ့၊ ရေမြင်း၊ မိကျောင်း အစရှိတဲ့ တောရိုင်းတိရိစ္ဆာန်များ ကျက်စားနေထိုင်တဲ့ ကရူဂါ အမျိုးသား ဥယျာဉ်အနီးမှာ တည်ရှိတာ ဖြစ်ပါတယ်။ "Marloth" မြို့ရဲ့ ထူးခြားချက်ဟာ တောရိုင်းတိရစ္ဆာန်များရဲ့ အန္တရာယ်နှင့် နီးကပ်စွာရှိနေတဲ့တိုင် မြို့အတွင်းရှိ အိမ်များကို ကာကွယ်ရန် ခြံစည်းရိုးများခတ်ခွင့် မပြုခြင်းဖြစ်ပါတယ်။

photo credit pngtree

ထို့မြို့မှာ တစ်ခုတည်းသော စည်းရိုးဟာ ကရူဂါ အမျိုးသားဥယျာဉ်နှင့် မြို့ကို ပိုင်းခြားထားသော လေးပေသာမြင့်တဲ့ စည်းရိုးဖြစ်ကာ တိရိစ္ဆာန်များ မဝင်ရန်ထက် လူများမထွက်ရန်ကို ဦးစားပေး တည်ဆောက်ခဲ့တာပါ။ ထို့ကြောင့် အဲ့မြို့မှာ တောရိုင်းတိရိစ္ဆာန်များ လျှောက်သွားနေခြင်းဟာ ဆန်းကြယ်သော မြင်ကွင်းတစ်ရပ်တော့ မဟုတ်ပါဘူးနော်။ ဒါ့အပြင် ဘာဘွန်းမျောက်များဟာ ပြတင်း ပေါက်မှတစ်ဆင့် အိမ်များအတွင်းသို့ ဝင်ပြီး ရေခဲသေတ္တာထဲမှ အစာများကို ယူဆောင်ကြသလို ဆင်များနှင့် သစ်ကုလားအုတ်များဟာလည်း လမ်းမများပေါ်မှာ ပိတ်နေလေ့ရှိပါတယ်။

photo credit pngtree

ခြင်္သေ့များက လူများကို မကြာခဏ တိုက်ခိုက်လေ့ရှိပါတယ်။ တစ်ခါတစ်ရံမှာတော့ ဖောက်ထွင်းသူ ဒုစရိုက်များကို ဖမ်းဆီးစားသောက်ခဲ့တာကြောင့် အထိတ်တလန့် မြင်ကွင်းတွေရှိခဲ့သော်လည်း အချို့သူများကတော့ မှုခင်းကာကွယ်ရေး တာဝန်ကို ထမ်းဆောင်ကြတယ်လို့တောင် ဆိုခဲ့ကြပါတယ်။ သို့သော် စက်ဘီးစီးသူများကတော့ မကြခဏဆိုသလို သားကောင်ဖြစ်သွားလေ့ရှိပါတယ်။ တစ်ခါတုန်းက ခြင်္သေ့လေးကောင်ရဲ့ ခြုံခိုတိုက်ခိုက်မှုကို ရင်ဆိုင်ခဲ့ရတဲ့ စက်ဘီးစီသူတစ်ဦးဟာ ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ ထို့ကြောင့် စက်ဘီးစီးသူများကို ဘီးပေါ်က အစာ "Meals of wheels"လို့နာမည်ပြောင် ပေးခဲ့ကြပါတယ်။ အဲ့လိုအသက်အန္တရာယ်ကို ကြီးကြီးမားမား ခြိမ်းခြောက်မှုမျိုး ရှိနေသော်လည်း မြို့နေလူများဟာ ထိုခြင်္သေ့တွေကို ထားရှိဆဲဖြစ်တယ်လို့ သိရပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။