ပရိသတ်ကြီးရေ စကားပြောဆိုရာမှာ ဟန်ဆောင်မှုမရှိ ပွင့်လင်းစွာပြောတက်ပြီး စိတ်သဘောထားကောင်းလွန်းလို့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်ခြင်းကို အပြည့်အဝရရှိထားတဲ့ သူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး သံသာမိုးသိမ့်ပဲဖြစ်ပါတယ်။ သူမက ဇာတ်လမ်းတွဲတွေကို စတင်ရိုက်ကူးရင်း အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့တဲ့ သူလေးပဲဖြစ်ပါတယ်။ သူမက သရုပ်ဆောင်ပီပြင်ကောင်းမွန်လွန်းတာကြောင့် ပရိသတ်တွေ အကြိုက်တွေ့နေတာလည်းဖြစ်ပါတယ်.......။

Photo credit - Than Thar Moe Theint' s facebook account
Photo credit - Than Thar Moe Theint' s facebook account

သံသာမိုးသိမ့်က ချစ်စရာကောင်းတဲ့ အပြုအမူလေးတွေအပြင် ဆွဲဆောင်မှုရှိတဲ့ အပြုံလေးတွေကြောင့် ပုရိသယောကျာ်းလေးပရိသတ်တွေသာမကပဲ မိန်းကလေးအချင်းချင်းကပါ အားကျချစ်ခင်နေကြတာလည်းဖြစ်ပါတယ်။ လတ်တလောမှာတော့ မင်းသမီးချောလေး သံသာမိုးသိမ့်ရဲ့ အနုပညာလှုပ်ရှားမှုအနေနဲ့ ဇာတ်လမ်းတွဲအသစ်တစ်ခုကို ရိုက်ကူးနေပြီး ကြော်ငြာတွေနဲ့ photo shooting တွေကိုလည်း လက်ခံရိုက်ကူးပေးနေတာပဲဖြစ်ပါတယ်......။

Photo credit - Than Thar Moe Theint' s facebook account
Photo credit - Than Thar Moe Theint' s facebook account

မကြာခဏဆိုသလို သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ လှုပ်ရှားမှုပုံရိပ်တိုင်းကို တင်ပေးလေ့ရှိနေတဲ့ သံသာမိုးသိမ့်က ယခုလက်ရှိမှာလည်း ပိုစ့်တစ်ခုကိုတင်ပေးလာတာပဲဖြစ်ပါတယ်။ သွယ်လျလှပတဲ့ ပေါင်တံရှည်လေးတွေကို ဖော်ကာ ဆွဲဆောင်မှုရှိရှိရိုက်ကူးထားတဲ့ ပုံလေးတွေအပြင် " မိုးရွာနေလို့မင်းကိုတကူးတကလွမ်းဖြစ်တယ် " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားပါသေးတယ်။ ကဲ...ချစ်ရတဲ့ ပရိသတ်တွေ မင်းသမီးချောလေး သံသာမိုးသိမ့်ရဲ့ ပုံလေးတွေကို ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်........။

Photo credit - Than Thar Moe Theint' s facebook account
Photo credit - Than Thar Moe Theint' s facebook account
Photo credit - Than Thar Moe Theint' s facebook account

Source & Photo credit - Than Thar Moe Theint' s facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။