ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာပေါ်မှာ သမိုင်းဝင် နာမည်တွင်ခဲ့တဲ့ ရှေးဟောင်းစွန့်စားသူတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်သော "David Douglas"(၁၇၉၉-၁၈၃၄၀) ဆိုသူအကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ထိုသူရဲ့ အကြောင်းကို မဖော်ပြသေးခင်မှာ လတ်တလော အနုပညာရှင် လှုပ်ရှားမှု သတင်း၊ ပြည်တွင်းပြည်ပ အားကစားသတင်း (E-sports အပါအဝင်)၊ ကမ္ဘာတစ်ဝှမ်းရှိ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်။

photo credit pngtree

စကော့တလန်လူမျိုး ပန်းရံသမားတစ်ဦးရဲ့ သားဖြစ်သူ David Douglas ဟာ ဥယျာဉ်မှူးလုပ်သားတစ်ယောက်အဖြစ် အလုပ်သင်ယူခဲ့ပါတယ်။ သူဟာ ထိုအလုပ်ကိုရရှိရန် Douglas ဂလပ်စ်ကို ရုက္ခဗေဒယင်းဥယျာဉ်မှာ ရုက္ခဗေဒဆိုင်ရာသင်ခန်းစာများကို အခမဲ့သင်ယူပြီး သူ့ရဲ့ ပညာအရည်အချင်းကို တိုးတက်စေခဲ့ပါတယ်။ ထိုအခြေအနေများက Douglas အားဥယျာဉ်ခြံမြေစိုက်ပျိုးရေး နည်းပညာနယ်ပယ်မှာ ဦးဆောင်နေသူအချို့ရဲ့ သတိပြုခြင်းကို ရရှိစေခဲ့ပါတယ်။

photo credit pngtree

ထိုဦးဆောင်သူများဟာ ကြိုးစားပြီး လက်တွေ့ဆန်သော ထက်မြက်တဲ့ လူငယ်များကိုရှာဖွေပြီး ပန်းဥယျာဉ်အပင် အသစ်များကို ရှာဖွေရန် မြောက်အမေရိကတိုက်သို့စေလွှတ်ဖို့ ရည်ရွယ်ခဲ့ကြပါတယ်။ Douglas ဟာ ထိုစူးစမ်းရှာဖွေမှုများမှာ ပါဝင်ခွင့်ရရှိခဲ့ကာ ထင်ပေါ်ကျော်ကြားလာခဲ့ပါတယ်။ ပန်းဥယျာဉ် ပညာရှင်အဖြစ် Douglas နောက်ဆုံးသွားရောက်ခဲ့တဲ့ ခရီးဟာ ဟာဝိုင်ယီကျွန်း ဖြစ်ပါတယ်။ ထိုကျွန်းမှာ Douglas ဟာ တောရိုင်းတိရိစ္ဆာန်များကို ထောင်ထားတဲ့ ထောင်ချောက်ကို ကြည့်နေစဉ် အစွန်းကိုနင်းမိပြီး ထောင်ချောက်အတွင်းသို့ကျသွားခဲ့ရာ ထောင်ချောက်အတွင်းပိတ်မိနေတဲ့ တောရိုင်းသတ္တဝါရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။