ပရိသတ်တွေရဲ့အချစ်တော် အနုပညာရှင်ဆယ်လီမျိုးဆက်သစ် လူငယ်တွေထဲမှာ ဝါရင့်အနုပညာရှင် ဦးခင်လှိုင်ရဲ့ သမီးချောလေး သဇင်ထူးမြင့်ကတော့ ပရိသတ်သည်းသည်းလှုပ်လှုပ်ချစ်ရသူလေးပါပဲ..။

သဲလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သဇင်ထူးမြင့်ကတော့ အကယ်ဒမီရွှေကြိုကနေ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး ချစ်စရာကောင်းလွန်းတဲ့ သူမရဲ့ပုံရိပ်လေးတွေကိုလည်း အားလုံးက အချစ်ပို သဘောကျနေကြတာလည်း ဖြစ်ပါတယ်..။

Photo Credit - Thazin Htoo Myint's Fb Page
Photo Credit - Thazin Htoo Myint's Fb Page

ပရိသတ်အချစ်တော်လေး သဲကတော့ အဖေများနေ့လေးမှာ သုမရဲ့အသက်(၄)နှစ်အရွယ်က အမှန်တရလေးကို ချပြရင်း ဖခင်ဖြစ်သူကို အရမ်းချစ်တဲ့အကြောင်းလေး ပြောပြလာပါတယ်နော်..။

ငယ်ငယ်ကအတိုင်း အရွယ်မကျသေးဘဲ အခုအချိန်ထိ နုပျိုနေဆဲဖသ်တဲ့ ဖခင်နဲ့ သူမရဲ့ အမှတ်တရဓာတ်ပုံလေးတွေကို ဝေမျှရင်း ဂုဏ်ပြုစကားလေးဆိုကာ အရမ်းချစ်ကြောင်းလေး ရေးသားပြောပြထားပါ..။

Photo Credit - Thazin Htoo Myint's Fb Page
Photo Credit - Thazin Htoo Myint's Fb Page

"Happy Father’s Day

ဖေဖေကငယ်ငယ်ကအတိုင်း ခုထိနုပျိုနေတုန်းပဲ...

ပထမပုံက သဲ အသက်၄နှစ်ပြည့်မွေးနေ့ကပုံပါ

ဒုတိယပုံကတော့ ဖေဖေ့ရဲ့ပွဲဦးထွက်ရုပ်ရှင် ‘ချိုးရုပ်’

Red carpet showနေ့လေးပေါ့.....

အရမ်းချစ်တယ်ဖေဖေ...." ဆိုပြီး အဖေများနေ့ အမှတ်တရလေးမှာ ရေးသားပြောပြထားတာ ဖြစ်ပါတယ်..။

ချစ်စရာကောင်းလွန်းကြတဲ့ သားအဖနှစ်ယောက်ရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေက သဘောကျအချစ်ပိုနေကြတဲ့အကြောင်းလေးတွေကိုလည်း ပြောထားကြပါတယ်နော်..။

Photo Credit - Thu Rein
Photo Credit - Thazin Htoo Myint's Fb Page

Source & Photo Credit - Thazin Htoo Myint's Fb Page & Thu Rein

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။