Bethesda Game Studios ရဲ့ နာမည်ကျော် Open World Game တစ်ခုဖြစ်တဲ့ Fallout 4 ကတော့ Windows, Xbox One နှင့် PS 4 အတွက်ထွက်ခဲ့ရုံသာမက ယခုအခါ VR အတွက်ပါ ထွက်ရှိလာတော့မှာဖြစ်ပါတယ်။

Fallout 4 ရဲ့ Gameplay ကတော့ အရင် Fallout 3 နဲ့ Fallout: New Vegas တို့အတိုင်းပင်ဖြစ်ပြီး Power Armor တွေကတော့ အရင် Fallout 3 နှင့် Fallout: New Vegas တို့လို အဆင်သင့်ဝတ်ရုံမဟုတ်ဘဲ မိမိစိတ်ကြိုက်ပြန်လည်ပြင်ဆင်နိုင်မှာပါ။ လက်နက်တွေကတော့ အခြေခံဒီဇိုင်း ၅၀ ကျော်ကို မိမိ စိတ်ကြိုက် ပြန်ပြင်ပြီး လက်နက်ပုံစံပေါင်း ၇၀၀ လောက်ထိပြုလုပ်နိုင်မှာပါ။

ယခု Fallout 4 VR မှာတော့ Fallout 4 ထဲမှာပါဝင်တဲ့ Contacts တွေ အကုန်ပြန်ပါလာမှာဖြစ်ပြီး Developers ဖြစ်တဲ့ Bethesda Game Studios က Creation Engine ကိုအသုံးပြုရေးဆွဲထားပြီး Bethesda Softworks ကနေ ယခု ၂၀၁၇ အောက်တိုဘာမှာ ထုတ်လုပ်ဖြန့်ချိသွားမှာပါ။

Hein (Mg Lu Aye) 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။