ကမ္ဘာ့အကျော်ကြားဆုံး Movie Franchise ဖြစ်တဲ့ Star Wars ကတော့ အဓိကရုပ်ရှင်ကား ရကား သီးသန့်ခွဲထွက်ထားတဲ့ ရုပ်ရှင်ကားတစ်ကား၊ ကွန်ပြူတာအန်နီမေးရှင်းရုပ်ရှင်တစ်ကား၊ စာအုပ်ဝတ္ထုရုပ်ပြ များစွာသာမက နာမည်ကျော် Game များစွာပါထွက်ရှိထားပါတယ်။ Star Wars Battlefront IIအနေနဲ့ ၂၀၁၇ နိုဝင်ဘာ၁ရမှာထါက်ရှိလာမှာပါ။ 

ယခု Star Wars Battlefront II ကတော့ Electronic Arts ကနေထုတ်လုပ်ဖြန့်ချိသွားမယ့် Game တစ်ခုဖြစ်ပြီး Star Wars Battlefront II ရဲ့ရှေ့မှာလဲ Electronic Arts အနေနဲ့ Star Wars Battlefront ကို Developers EA Dice ရဲ့လုပ်ဆောင်မှုနဲ့ထုတ်လုပ်ခဲ့ဖူးပါတယ်။ ပထမ Battlefront မှာ ဇာတ်လမ်းသွားမပါခဲ့ဘဲ Multiplayer အတွက်သာပါခဲ့သောကြောင့် Star Wars ပရိသတ်တွေ အားမရခဲ့ပါဘူး။ 

ယခု Star Wars Battlefront II မှာတော့ ဇာတ်လမ်းသွားနေရာတွင် The Last Jedi အဆုံးသတ်တွင် စထားပြီး Emperor Palpatine သေဆုံးပြီးနောက်ပိုင်း ဘာတွေဆက်ဖြစ်မလဲဆိုတာ ဇာတ်လမ်းဆင်ထားပါတယ်။ ဒါ့အပြင် Darth Maul ကဲ့သို့ ပရိသတ်ကြိုက် ဇာတ်ကောင်တွေအပြင် ယခုလက်ရှိဇာတ်လမ်းတွေထဲက Rey နဲ့ Kylo Ren တို့ကိုပါ ကိုင်တွယ်အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။

Hein (Mg Lu Aye)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။