ပရိသတ်ကြီးရေ မင်းသမီးချောလေးဝတ်မှုံရွှေရည်ကတော့ အနုပညာအလုပ်တွေကို တစိုက်မက်မက်လုပ်ကိုင်နေပြီး အောင်မြင်မှုတွေကို ပိုင်ဆိုင်ထားတဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်နော်။ဝတ်မှုံရွှေရည်က အနုပညာလောကထဲကို ကြော်ငြာလေးတွေကတဆင့်ဝင်ရောက်လာခဲ့ပြီး အရမ်းချစ်စရာကောင်းလွန်းလို့ ပရိသတ်တွေကသတိထားမိလာကြတာဖြစ်ပါတယ်။ပရိသတ်တွေကတော့ ကစ်ရဲ့လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ပြီးတစ်ခဲနက်ဝန်းရံအားပေးနေကြတာပဲဖြစ်ပါတယ်။

Photo Credit:Wutt Hmone Shwe Yi's Facebook Page
Photo Credit:Wutt Hmone Shwe Yi's Facebook Page
Photo Credit:Mr.Haw

ဝတ်မှုံရွှေရည်ရဲ့အနုပညာအရည်အသွေးကလည်း ပြီးပြည့်စုံပြီး ပရိသတ်တွေကလည်းအကြိုက်တွေ့ကြပါတယ်။ရွှေကစ်လေးလို့ချစ်စနိုးခေါ်ဝေါ်ကြပြီး စိတ်ထားလေးလည်းဖြူစင်တဲ့သူမက လူချစ်လူခင်လည်းပေါများပါတယ်နော်။ရွှေကစ်က လက်ရှိမှာဆိုရင်တော့ အသက်(၃၁)ကိုရောက်ရှိနေတဲ့သူဖြစ်ပြီး လှပနုပျိုမှုတွေကလည်းအထင်းသားပေါ်လွင်နေဆဲဖြစ်တာကြောင့် ဆယ်ကျော်သက်အရွယ်လေးလိုပါပဲနော်။

Photo Credit:Mr.Haw
Photo Credit:Mr.Haw

အခုဆိုရင်လည်း ရွှေကစ်က လူငယ်ဆန်ဆန်အပြင်အဆင်လေးနဲ့ အရမ်းချစ်စရာကောင်းနေတာဖြစ်ပါတယ်။ပျိုမျစ်နုနယ်တဲ့ အသားအရည်လေးက ထိရက်စရာမရှိလောက်အောင်လှပပြီး မျက်နှာလေးကလည်းအရေးအကြောင်းကင်းစင်နေတာကြောင့် ဆယ်ကျော်သက်ကောင်မလေးလိုပါပဲနော်။ချစ်စရာကောင်းတဲ့အပြင်အဆင်လေးနဲ့အရမ်းပဲလှနေပြီး မြင်သူတကာကြွေကျလောက်မယ့် ရွှေကစ်ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Mr.Haw
Photo Credit:Mr.Haw
Photo Credit:Mr.Haw

Photo Credit:Mr.Haw

Source:Wutt Hmone Shwe Yi's Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။