ပရိသတ်ကြီးရေ အဆိုတော်မလေး ပိုပိုကတော့ဂီတနယ်ပယ်မှာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အပြည့်အဝရရှိပြီး နေရာတစ်နေရာကို ရပ်တည်ထားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ ပိုပို ကတော့ ပရိသတ်တွေရဲ့ ရင်ထဲကိုထိမှန်စေတဲ့ သီချင်းတွေကို အများဆုံးဖန်တီးသီဆိုပြီး သူမရဲ့ သီချင်းတွေကလည်း လူငယ်တွေကြားမှာ ရေပန်းစားခဲ့တဲ့ သီချင်းကောင်းတွေပဲဖြစ်ခဲ့ပါတယ်။ပိုပိုကတော့ ပရိသတ်တွေနဲ့ ခံစားချက်တွေနဲ့ တိုက်ဆိုင်မယ့် နောက်ထပ်သီချင်းသစ်တွေကိုလည်း ဖန်တီးနေတယ်လို့လည်း သိရပါတယ်။

Photo & Video Credit - ပိုပို
Photo & Video Credit - ပိုပို

အပင်စိုက်ပျိုးတာကို ဝါသနာပါတဲ့ ပိုပိုကတော့ အားတဲ့အချိန်လေးတွေဆိုရင် ခြံထဲက မြေလွတ်နေရာတွေမှာ စားစရာ သီးပင်၊ စားပင်တွေကို ကိုယ်တိုင်စိုက်ပျိုးနေရရင် ကျေနပ်နေတဲ့သူလေးပဲဖြစ်ပါတယ်။ပိုပိုကတော့ အလှူတန်းတွေမှာ တက်နိုင်သမျှပါဝင်လှူဒါန်းပေးသလို ဘာသာရေးမှာ အထူးကိုင်းရှိုင်းတက်သူပဲဖြစ်ပါတယ်။ ဒါ့အပြင် အပျင်းပြေ tik tok ဆော့ကစားလေ့ရှိတဲ့ ပိုပို ကတော့ ယခုမှာဆိုရင်လည်း ကြည့်မိသူတိုင်းငေးမောသွားစေလောက်မယ့် အမိုက်စား tik tok ဗီဒီယိုလေးကို ပရိသတ်တွေအတွက် သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်ပေးလာခဲ့ပါတယ်။

Photo & Video Credit - ပိုပို
Photo & Video Credit - ပိုပို

ဒီဗီဒီယိုလေးထဲမှာတော့ ပိုပို က လွတ်လပ်ပေါ့ပါးတဲ့ ဖက်ရှင်ဝတ်စုံကိုဝတ်ထားပြီး လှပတဲ့မျက်မှန်လေးကိုတပ်ကာ ဆွဲဆောင်မှုရှိတဲ့ အိုက်တင်လေးတွေနဲ့ အထာကျကျ ဆော့ကစားထားတဲ့ tik tok ဗီဒီယိုလေးပဲဖြစ်ပါတယ်။ဒါ့အပြင် ရင်ခုန်စရာကောင်းလောက်တဲ့ အလှတရားတွေနဲ့ ညို့အားပြင်းပြင်း ဖမ်းစားထားတဲ့ ပိုပို ရဲ့ tik tok ဗီဒီယိုလေးကိုတော့ ပရိသတ်တွေလည်း သဘောကျကြိုက်နှစ်သတ်မယ်လို့မျှော်လင့်မိပါတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ ဆွဲဆောင်မှုရှိတဲ့ အမူရာလေးတွေနဲ့ အထာကျကျ ဆော့ကစားထားတဲ့ ပိုပိုရဲ့ tik tok ဗီဒီယိုလေး ကြည့်ရှုလို့ရအောင် ကူးယူပြီး ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo & Video Credit - ပိုပို

Source - ပိုပို facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။