ပွင့်ပွင့်လင်းလင်းနဲ့ သွက်သွက်လက်လက်လေး နေထိုင်တတ်တဲ့ ပုံစံလေးတွေကြောင့် ပရိသတ်တွေ ချစ်မဝဖြစ်နေရသူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး နေခြည်ဦးပဲ ဖြစ်ပါတယ်။ ချီချီဟာ အနုပညာအလုပ်သာမကဘဲ Beauty Blogger အလုပ်ကိုပါ တွဲဖက်လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။ သူမကိုတော့ မိန်းကလေး ပရိသတ်တွေက ပိုပြီး ချစ်ခင်ကြတာပဲ ဖြစ်ပြီး ချီချီကိုယ်တိုင်ကလည်း မိန်းကလေးတိုင်း လိုအပ်တဲ့ အရာလေးတွေကို အမြဲ ဝေမျှပေးတတ်သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ 

Photo Crd - Nay Chi Oo's Facebook Account
Photo Crd - Nay Chi Oo's Facebook Account
Photo Crd - Nay Chi Oo's Facebook Account

ချီချီဟာ လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေ မရှိသေးဘဲ အိမ်မှာဘဲနေကာ လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ဖြစ်နေတာလည်း ဖြစ်ပါတယ်။ သူမဟာ အားကစားနည်းမျိုးစုံကို ပျင်းရိချိန်မရှိလောက်အောင် လုပ်ဆောင်နေသူဖြစ်တာကြောင့် သူမရဲ့ ကိုယ်လုံးလေးဟာလည်း သေးသွယ်ပြီး လှပနေတာပဲ ဖြစ်ပါတယ်။ ချီချီဟာ လေ့ကျင့်ခန်းလုပ်တဲ့ ဗီဒီယိုလေးတွေကို မိန်းကလေးပရိသတ်တွေ Motivation ဖြစ်အောင် အမြဲ ဝေမျှတင်ဆက်ပေးနေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။  

Photo Crd - Nay Chi Oo's Facebook Account
Photo Crd - Nay Chi Oo's Facebook Story
Photo Crd - Nay Chi Oo's Facebook Story

မကြာသေးခင် နာရီပိုင်းလောက်ကလည်း သူမရဲ့ Instagram Story မှာ ဗီဒီယိုလေး တစ်ခုတင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ခြေချောင်းလေးတွေကို မြေကြီးပေါ်ထောင်ကာ ယောဂလေ့ကျင့်နေတဲ့ ဗီဒီယိုလေးပဲ ဖြစ်ပါတယ်။ ချီချီကတော့ သာယာလှပတဲ့ မနက်ခင်းလေးမှာ ကြိုးစားပမ်းစားနဲ့ ယောဂလေ့ကျင့်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ချီချီရဲ့ ယောဂလေ့ကျင့်နေတဲ့ ဗီဒီယိုလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd - Nay Chi Oo's Facebook Story  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။