ပရိသတ်ကြီးရေ မော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့ သန္တာလှိုင်ကတော့ အနုပညာလောကမှာ ဟိုးတစ်ခေတ်ကတည်းက လျှောက်လှမ်းလာခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။သန္တာလှိုင်က တစ်ခေတ်တစ်ခါမှာ နိုင်ငံခြားမော်ဒယ်လ်တွေလို အရမ်းလှပြီးအောင်မြင်ကျော်ကြားခဲ့တဲ့သူတစ်ယောက်ပါနော်။ယနေ့အချိန်ထိလည်း အဲ့ဒီအလှအပတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲဖြစ်တာကြောင့် မိန်းကလေးပရိသတ်တွေက သူမရဲ့အလှအပတွေကိုချီးကျူးအားကျနေကြတာဖြစ်ပါတယ်။

Photo Credit:Thandar Hlaing' s Facebook Page
Photo Credit:Thandar Hlaing' s Facebook Page
Photo Credit:Thandar Hlaing' s Facebook Page

သန္တာလှိုင်က ကလေးနှစ်ယောက်ကိုမွေးဖွားထားတဲ့မိခင်တစ်ယောက်ဖြစ်ပြီး အခုချိန်မှာဆိုရင် သားနဲ့သမီးကလည်း ဆယ်ကျော်သက်အရွယ်လေးတွေကို ရောက်ရှိနေကြပြီဖြစ်ပါတယ်။သန္တာလှိုင်ကလည်း သားသမီးတွေကို သေချာပြုစုပျိုးထောင်ပေးပြီး လိုလေသေးမရှိအောင်ဂရုစိုက်စောင့်ရှောက်ပေးကြပါတယ်။ကလေးတွေကလည်း ချစ်မွှေးလေးတွေပါပြီး အမေလိုပဲအရမ်းချောကြတဲ့ ကလေးလေးတွေဖြစ်ကြပါတယ်နော်။

Photo Credit:Thandar Hlaing' s Facebook Page
Photo Credit:Thandar Hlaing' s Facebook Page
Photo Credit:Thandar Hlaing' s Facebook Page

အခုဆိုရင်တော့ မေမေသန္တာလှိုင်က "သူတို့လေးတွေ ကြီးသွားကြတာ မြန်လိုက်တာ။ မေမေ အသက်ကြီးသွားတဲ့ တစ်ချိန်ကျရင် သားနဲ့ သမီးကို ဝန်ထုပ်ဝန်ပိုးကြီး မဖြစ်စေချင်လို့ နောက်ဆုံးအချိန်ထိ ကျန်မာသန်စွမ်းပြီး ကိုယ့်အားကိုယ်ကိုးနိုင်တဲ့ သားသမီးတို့နဲ့ အချိန်ဖြုန်းနိုင်တဲ့ မေမေဖြစ်အောင် အခုကတည်းက ကျန်းမာရေး အသိတွေလေ့လာပြီး အကောင်းဆုံးဖြစ်အောင် နေနေပါတယ်နော်....အမေတစ်ယောက်ရဲ့ အတွေး"ဆိုပြီး သူမရင်ထဲကအတွေးလေးကို မျှဝေရေးသားလာတာဖြစ်ပါတယ်နော်။

Photo Credit:Thandar Hlaing' s Facebook Page
Photo Credit:Thandar Hlaing' s Facebook Page
Photo Credit:Thandar Hlaing' s Facebook Page

Source&Photo Credit:Thandar Hlaing' s Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။