မင်းသမီးချောလေးပိုင်ဖြိုးသုကတော့ အောင်မြင်လျက်ရှိနေတဲ့ ထိပ်တန်းအနုပညာရှင်တွေထဲမှာတစ်ယောက်အပါအဝင်ဖြစ်ပြီး ကျရာနေရာမှာအကောင်းဆုံးသရုပ်ဆောင်နိုင်တာကြောင့် အကယ်ဒမီဆုတွေကိုလည်း သိမ်းပိုက်ထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေအပြင် ကြော်ငြာတွေကို ရိုက်ကူးလျက်ရှိနေခဲ့တဲ့ သူမကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

photo credit : Paing Phyoe Thu 's facebook page
photo credit : Paing Phyoe Thu 's facebook page

သူမကတော့ ဒါရိုက်တာဏကြီးနဲ့ အတူ အေးချမ်းတဲ့ မိသားစုဘဝလေးကို ဖန်တီးထားနိုင်ခဲ့ပြီး ချစ်ခင်ပွန်းရဲ့ အလိုက်သိတတ်မှုလေးတွေကြောင့် ပျော်ရွှင်နေခဲ့ရပါတယ်။ သူမကတော့ ယခုမှာ ချစ်ခင်ပွန်းဏကြီးကိုယ်တိုင်ရိုက်ပေးပြီး အေးချမ်းသာယာတဲ့သဘာဝရူခင်းတွေနဲ့ အပြိုင် ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို ချပြလာခဲ့ပါတယ်။ သူမရဲ့ချိုသာလွန်းတဲ့ အပြုံးလေးတွေနဲ့ ချစ်စရာကောင်းနေတဲ့ ပုံရိပ်လေးတွေဟာ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့တာပဲဖြစ်ပါတယ်။

photo credit : Paing Phyoe Thu 's facebook page
photo credit : Paing Phyoe Thu 's facebook page

သူမကတော့ " လူတော့လှမနေဘူး....View ကလှနေတယ်....ရိုက်ပေးမယ့်သူကြီးရှိနေတယ်....လမ်းကြုံနေတယ်....အဲဒီတော့တင်တယ်ကွာ " ဆိုပြီး ချစ်စရာကောင်းလွန်းပုံရိပ်လေးနဲ့အတူ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေးပိုင်ဖြိုးသုရဲ့ အေးချမ်းတဲ့ သဘာဝရူခင်းတွေကြားမှာ ချစ်စရာအပြုံးလေးနဲ့ လှပနေတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။

source: Paing Phyoe Thu 's facebook page

photo credit : Paing Phyoe Thu 's facebook page
photo credit : Ria Bo Vich

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။