ပရိသတ်ကြီးရေ အကယ်ဒမီထွန်းအိန္ဒြာဗိုလ်ကတော့ သရုပ်ဆောင်ပိုင်းလည်းတော်သလို သီချင်းဆိုရင်လည်းအသံအရမ်းကောင်းတာကြောင့် စွယ်စုံရအနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်နော်။ထွန်းအိန္ဒြာဗိုလ်ရဲ့အနုပညာသက်တမ်းကလည်း နှစ်ပေါင်းမနည်းကြာမြင့်နေပြီဖြစ်ပြီး သူမကိုအားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေကလည်း ယနေ့အချိန်ထိတိုင် တစိုက်မက်မက်နဲ့အားပေးလာကြတာဖြစ်ပါတယ်။မခိုင်ကြီးက ယနေ့အချိန်ထိလည်းအနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်နဲ့လုပ်ဆောင်နေဆဲဖြစ်ပါတယ်နော်။

Photo Credit:Htun Eaindra Bo's Facebook Page
Photo Credit:Htun Eaindra Bo's Facebook Page
Photo Credit:Htun Eaindra Bo's Facebook Page

ထွန်းအိန္ဒြာဗိုလ်မှာ ဆယ်ကျော်သက်အရွယ်သားလေးတစ်ယောက်လည်းရှိပြီး ပျော်ရွှင်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်နော်။မခိုင်ကြီးရဲ့ချစ်ခင်ပွန်းကလည်း သူမရဲ့အနုပညာအလုပ်တွေကို နားလည်မှုအပြည့်ပေးပြီး တစ်ဖက်တစ်လမ်းကနေ တတ်နိုင်သလောက်ကူညီပေးတဲ့ခင်ပွန်းကောင်းတစ်ယောက်ဖြစ်ပါတယ်။မခိုင်ကြီးတို့မိသားစုလေးက နွေးနွေးထွေးထွေးရှိလှပြီး သာယာအေးချမ်းတဲ့မိသားစုလေးဖြစ်လို့ ပရိသတ်တွေကလည်းချစ်ကြပါတယ်နော်။

Photo Credit:Htun Eaindra Bo's Facebook Page
Photo Credit:Htun Eaindra Bo's Facebook Page
Photo Credit:Htun Eaindra Bo's Facebook Page

မခိုင်ကြီးကတော့ ယနေ့အချိန်ထိတိုင် အရွယ်တင်နုပျိုနေဆဲဖြစ်ပြီး ဟိုးတစ်ခေတ်တုန်းကလိုပဲ အရမ်းလှနေဆဲဖြစ်ပါတယ်။မခိုင်ကြီးက ဟိုးအရင်ကတည်းက ဒီဇိုင်းခပ်လန်းလန်းနဲ့အရမ်းမိုက်ခဲ့ပြီး အခုချိန်ထိလည်း အဲ့ဒီလိုအမိုက်စားပါပဲနော်။အခုဆိုရင်တော့ ထွန်းအိန္ဒြာဗိုလ်က အိမ်ထဲမှာပဲ အမိုက်စားဒီဇိုင်းပြင်ဆင်ထားပြီး အရွယ်တင်နုပျိုနေတဲ့ သူမရဲ့ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Htun Eaindra Bo's Facebook Page
Photo Credit:Htun Eaindra Bo's Facebook Page
Photo Credit:Htun Eaindra Bo's Facebook Page

Source&Photo Credit:Htun Eaindra Bo's Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။