ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို တစ်ခဲနက်ရရှိထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး အိန္ဒြာကျော်ဇင်ပဲ ဖြစ်ပါတယ်။ အူဝဲဟာ အနုပညာလောကမှာ အောင်မြင်မှုတွေရရှိထားရုံသာမကဘဲ မိသားစုကိုလည်း ပျော်ရွှင် ကြည်နူးစရာကောင်းအောင် ဖန်တီးတည်ဆောက်ထားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ အူဝဲဟာ သူမရဲ့ အားလပ်ချိန်တိုင်းကိုလည်း မိသားစုကိုသာ အချိန်ပေးလေ့ ရှိသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူမရဲ့ ကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကို အားကျနေကြတာလည်း ဖြစ်ပါတယ်။ 

Photo Crd - Eaindra Kyaw Zin's FB Page
Photo Crd - Eaindra Kyaw Zin's FB Page
Photo Crd - Eaindra Kyaw Zin's FB Page

အူဝဲဟာ လတ်တလောမှာလည်း မိသားစုနဲ့အတူ ပြင်ဦးလွင်ကို အနားယူ အပန်းဖြေရန် ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သူမရဲ့ တူမတွေဖြစ်တဲ့ မေတိုးခိုင်တို့ ညီအစ်မတွေပါ ရောက်ရှိနေကြတာလည်း ဖြစ်ပါတယ်။ ဖိုးဓီလေးနဲ့ သုသုတို့ကလည်း ပြင်ဦးလွင်က ခြံအကျယ်ကြီးထဲမှာ မောင်နှမတွေ ပျော်ပျော်ပါးပါး ဆော့ကစားနေကြတာလည်း ဖြစ်ပါတယ်။ အခုမှာလည်း မေတိုးခိုင်တို့ ညီအစ်မနှစ်ယောက်ရဲ့ Instagram Stories မှာ ဗီဒီယိုလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။  

Photo Crd - Eaindra Kyaw Zin's FB Page
Photo Crd - Crystal-hht's IG Story
Photo Crd - Maytoekhine's IG Story

ဒါကတော့ သုသုရဲ့ ပါးလေးကို ကိုင်ကာ ချစ်မဝဖြစ်နေတဲ့ မေတိုးခိုင်ရဲ့ ဗီဒီယိုလေးနဲ့ အစ်မဖြစ်သူကို အသည်းတွေယားပြီး ပါးလေးကို ခပ်ဖွဖွလေး နမ်းနေတဲ့ ဖိုးဓီရဲ့ Video လေးပဲ ဖြစ်ပါတယ်။ သုသုနဲ့ ဖိုးဓီလေးဟာလည်း ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကို အပြည့်အ၀ ရရှိထားကြတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုနိုင်အောင် ဒီဗီဒီယိုလေးတွေကို တစ်ဆင့်ပြန်လည်ကူးယူ တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd - Maytoekhine's IG Story and Crystal-hht's IG Story and Eaindra Kyaw Zin's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။