အမိုက်စားကောက်ကြောင်းလေးတွေကြောင့် ပုရိသတွေအကြိမ်ကြိမ် လည်ပြန်ငေးရလောက်အောင် လှရက်နိုင်သူလေးကတော့ ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင် မင်းသမီးချောလေး ဝါဆိုမိုးဦးပဲ ဖြစ်ပါတယ်။ ဝါဆိုဟာ ငယ်စဉ်ကတည်းက ကလေးသရုပ်ဆောင်ဘဝဖြင့် အနုပညာလောကထဲကို ဝင်ရောက်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ် ။ သူမဟာ သရုပ်ဆေင်ချက်တွေကောင်းမွန်ရုံသာမကပဲ အသံချိုချိူလေးနဲ့လည်း ပရိသတ်တွေရဲ့အချစ်တွေကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ 

Photo Crd - Warso Moe Oo's Facebook Account
Photo Crd - Warso Moe Oo's Facebook Account
Photo Crd - Warso Moe Oo's Facebook Account

ဝါဆိုသာမကဘဲ သူမရဲ့ ညီမလေးတွေဟာလည်း အချောအလှလေးတွေပဲ ဖြစ်ပြီး ပရိသတ်တွေက ချစ်ခင်အားပေးနေကြတာပဲ ဖြစ်ပါတယ်။ သူမရဲ့ ညီမလေးတွေဟာလည်း အနုပညာအလုပ်တွေကို လုပ်ကိုင်နေပြီပဲဖြစ်ပြီး အချိန်တိုအတွင်းမှာတင် ပရိသတ်တွေရဲ့ လက်ခံအားပေးမှုတွေကို ရရှိထားနေပြီပဲ ဖြစ်ပါတယ်။ မကြာသေးခင်ကလည်း သူတို့ ညီအစ်မတွေ ကပြထားတဲ့ Cover Dance Video လေးကို ဝေမျှပေးထားတာပဲဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို ရရှိထားတာလည်း ဖြစ်ပါတယ်။ 

Photo Crd - Warso Moe Oo's Facebook Account
Photo Crd - Thinzar-tzzzzz's IG Story
Photo Crd - Thinzar-tzzzzz's IG Story

အခုမှာလည်း ဝါဆိုရဲ့ ညီမလေး သဉ္ဖာရဲ့ Instagram Stories မှာ ဗီဒီယိုလေး တစ်ခုတင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ညီမလေးတွေနဲ့အတူ အတိုင်အဖောက်ညီစွာကကွက်ဆန်းတွေနဲ့ အပီအပြင်ဒွန့်ထားတဲ့ ဝါဆိုမိုးဦးရဲ့ Video လေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ဝါဆိုတို့ညီအစ်မတွေရဲ့ ကကွက်ဆန်းတွေကို ကြည့်ရှုခံစားနိုင်အောင် ဒီအကဗီဒီယိုလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd - Thinzar-tzzzzz's IG Story and Warso Moe Oo's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။