ချစ်ပရိသတ်ကြီးရေ ဖြူဝင်းဥတဲ့ အသားရည်လေးကို ပိုင်ဆိုင်ထားသလို ချစ်စရာအပြုံးလေးတွေနဲ့ အမြဲညို့ယူဖမ်းစားတတ်တဲ့ Alice Ong ကို အထူးတလည်မိတ်ဆက်စရာမလိုဘူးထင်ပါတယ်နော်။သူမကတော့ မော်ဒယ်အဖြစ်နဲ့ အနုပညာလောကကို ဝင်ရောက်လာပြီး ယခုချိန်မှာတော့ ကြော်ငြာများ ဇာတ်ကားများရိုက်သည်အထိ ပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ထားရသူလေးဖြစ်နေပါတယ်။သူမရဲ့ ချစ်စရာအပြုံးလေးတွေကပဲ ပရိသတ်ရဲ့အချစ်တွေကို ပိုစေခဲ့တာလည်းဖြစ်ပါတယ်။

Photo Credit : Kyaw Thein Htike Đerrick Jøseph
Photo Credit : Kyaw Thein Htike Đerrick Jøseph

သူမဟာ Miss Asia 2015 ကို မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့ရတဲ့ အလှမယ်လေးတစ်ဦးလည်းဖြစ်ပါတယ်။ကြွေရုပ်လေးလို့ ထင်မှားရောက်လောက်အောင် ဖြူဝင်းလှပနေသူလေးမို့ မိန်းကလေးပရိသတ်အချို့ အားကျချစ်ခင်နေရခြင်းလည်းဖြစ်ပါတယ်။လတ်တလောမှာလည်း ကြွေရုပ်လေးလားထင်မှတ်ရလောက်အောင် ချစ်စရာကောင်းလွန်းတဲ့ ပုံလေးတွေကို ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြထားပါတယ်။

Photo Credit : Kyaw Thein Htike Đerrick Jøseph
Photo Credit : Kyaw Thein Htike Đerrick Jøseph

အမြဲလို ချစ်စရာဟန်ပန်လေးတွေနဲ့ ပုံရိပ်လေးတွေကြောင့် ပရိသတ်တွေ အချစ်ပိုနေရတာလည်းဖြစ်ပါတယ်။

သူမဟာ လတ်တလောမှာလည်း ရိုက်ကူးရေးတွေလုပ်နေတယ်လို့လည်းသိရပါတယ်။ချစ်ပရိသတ်ကြီးလည်း Alice Ong ရဲ့ ချစ်စရာကောင်းတဲ့ ပုံလေးတွေကိုကြည့်ရှုပြီး သူမရဲ့ရှေ့ဆက်မဲ့ အနုပညာအလုပ်တွေကိုလည်း အားပေးလိုက်ပါအုံးနော်။ဒီထက်မကလည်းအောင်မြင်မှုတွေ ချစ်ခင်မှုတွေ ရပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Photo Credit : Kyaw Thein Htike Đerrick Jøseph
Photo Credit : Kyaw Thein Htike Đerrick Jøseph

Source : Alice Ong Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။