ပရိသတ်ကြီးရေ ဟာသဇာတ်ရုပ်တွေနဲ့ ဆိုရင် ပရိသတ်တွေကို တဝါးဝါးတဟားဟားရယ်မောပျော်ရွှင်အောင် သရုပ်ဆောင်တက်တဲ့ ဇာတ်ပို့သရုပ်ဆောင် Kညီကိုတော့ ပရိသတ်တွေနဲ့ အထူးတလည်မိတ်ဆက်ပေးစရာမလိုလောက်အောင် ရင်းနှီးပြီးသားဖြစ်မှာ အသေအချာပါပဲနော်။ ဒါ့အပြင် Kညီက ဟာသပိုင်းမှာ သရုပ်ဆောင်ကောင်းရုံသာမကပဲ အချစ်၊ အမုန်း၊ အလွမ်၊း အဆွေး စတာတွေမှာလည်း ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ပါနော်......။

Photo credit - K Nyi's FB account
Photo credit - K Nyi's FB account

Kညီက ဗီဒီယိုဇာတ်ကား ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားတာလည်းဖြစ်ပါတယ်။ ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်ဆိုပေမယ့် Kညီက သူရရှိတဲ့ အနုပညာငွေကြေးလေးနဲ့ သူချစ်ရတဲ့ မိခင်ကိုတော့ လတိုင်း အသုံးစရိတ်ကန်တော့နေတာကိုလည်း တွေ့ရပါတယ်နော်။ အနုပညာလှုပ်ရှားမှုတွေအပြင် Kညီက ကိုယ်ပိုင်စီးပွားရေးတစ်ခုအဖြစ် အထည်ဆိုင်လေးတစ်ဆိုင်ကို တည်ထောင်ထားပါသေးတယ်....။

Photo credit - K Nyi's FB account
Photo credit - K Nyi's FB account

ယနေ့မှာတော့ Kညီက သူရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ " ကျွန်တော့်ဆိုင်က ပရိသတ်တယောက်ကခါးပတ်ဝယ်တယ်ကျေးဇူးပါ ကိုနေတိုးအတွက်လက်ဆောင်ပေးချင်လို့အကူအညီတောင်းတာနဲ့ ကိုနေတိုးဆီခွင့်တောင်းပြီး သွားပေးဖြစ်တယ် လက်ဆောင်လက်ခံပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် ကိုနေ SNAZZY ဆိုင်အတွက်ပုံလေးတင်ခွင့်ပေးလို့ ဝမ်းသာပါတယ်ခမျ" ဆိုပြီး ရေးသားကာ သရုပ်ဆောင် မင်းသားချော နေတိုးနဲ့အတူ အမှတ်တရရိုက်ထားတဲ့ ပုံလေးတွေကို တင်ပေးလာတာပဲဖြစ်လို့ ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်......။

Photo credit - K Nyi's FB account
Photo credit - K Nyi's FB account
Photo credit - K Nyi's FB account

Source - K Nyi's FB account 

Photo credit - K Nyi's FB account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။