ချစ်ပရိသတ်ကြီးရေ ရွှေထူးကတော့ မြန်မာနိုင်ငံရဲ့ အောင်မြင်နေတဲ့ ထိပ်တန်းအဆိုတော်တွေထဲမှာတစ်ယောက်အပါအဝင်ဖြစ်ပြီး ပရိသတ်တွေရဲ့ အချစ်ကိုလည်း အခိုင်အမာရယူထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ဆယ်ကျော်သက်လူငယ်တွေရဲ့ အားပေးမှုကို အခိုင်အမာနေရာယူထားနိုင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်တဲ့ ရွှေထူးကတော့ အချစ်သီချင်းလေးတွေ အလွမ်းသီချင်းလေးတွေ အဆွေးသီချင်းလေးတွေကို သီဆိုလေ့ရှိပါတယ်။

Photo Credit : Shwe Htoo Instagram Account
Photo Credit : Shwe Htoo Instagram Account

ရွှေထူးတို့ ဇနီးမောင်နှံဟာဆိုရင်လည်း တစ်ယောက်လက်ကိုတစ်ယောက်ခိုင်ခိုင်မာမာဆုပ်ကိုင်ထားပြီး ရွှေလက်တွဲလက်ထပ်ထားကြတဲ့ စုံတွဲလေးကတော့ ပရိသတ်တွေအားကျခဲ့ရတဲ့စုံတွဲပဲဖြစ်ပါတယ်။ ရွှေနှစ်ရွှေတို့စုံတွဲကတော့ ရိုဆန်မှုလေးတွေနဲ့ ပရိသတ်တွေအားကျရလောက်အောင် တစ်ယောက်ကို တစ်ယောက်အချစ်တွေပိုနေကြတဲ့ စုံတွဲလေးလည်းဖြစ်ပါတယ်။အတိုက်ခိုက်တွေ အခက်ခဲတွေကြားက သူတို့နှစ်ယောက်ရဲ့ အချစ်စစ်ကို သက်သေပြခဲ့ကြတာလည်းဖြစ်ပါတယ်။

Photo Credit : Shwe Htoo Instagram Account
Photo Credit : Shwe Htoo Instagram Account

အလုပ်တွေကိုယ်စီနဲ့ မအားလပ်နေတဲ့ ရွှေရွှေတို့ဇနီးမောင်နှံကတော့ သူတို့ရဲ့နေ့စဉ်လှုပ်ရှားမူပုံလေးတွေကိုဖေ့ဘွတ်အကောင့်မှာ အမြဲဖော်ပြလေ့ရှိတာတွေ့ရပါတယ်။လတ်တလောမှာတော့ တစ်ယောက်နဲ့တစ်ယောက် ကြင်ကြင်နာနာ အနမ်းတွေပေးကာ အပြတ်ရိုနေတဲ့ ဗီဒီယိုလေးကို instagram အကောင့်မှာ ဖော်ပြထားတာတွေ့ရတာကြောင့် ပရိသတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်။

Photo Credit : Shwe Htoo Instagram Account
Photo Credit : Shwe Htoo Instagram Account

Source & Photo Credit : Shwe Htoo Instagram Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။