လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစား အောင်မြင်နေတဲ့ အဆိုတော်မလေး ဝိုင်းလေးကတော့ လက်ရှိမှာတော့ ဂီတလမ်းကြောင်းမှာ လျှောက်လှမ်းနေသူတစ်ဦး ဖြစ်ပါတယ်။ အိမ်မက်ဆုံရာ ပြိုင်ပွဲကနေ ဂီတလောကထဲသို့ဝင်ရောက်လာခဲ့တဲ့ အဆိုတော်ဝိုင်းလေးဟာဆိုရင်တော့ "ချစ်သေးရဲ့လား"၊ "လက်ခံပြီးသား"၊ "တာဝန်အရ" ဆိုတဲ့ ကိုယ်ပိုင်သံစဉ်လေးတွေနဲ့ ထုဆစ်ဖန်းတီးထားတဲ့ သီချင်းလေးတွေဖြင့် ပရိသတ်ရင်ခွင်ထဲကို ထိုးဖောက်ဝင်ရောက်နေရာယူခဲ့တာဖြစ်ပါတယ်...။ 

Photo credit - Mie Mie Lay PHOTOGRAPHY
Photo credit - Mie Mie Lay PHOTOGRAPHY

" အိပ်မက်ဆုံရာ" သီချင်းဆိုပြိုင်ပွဲကြီးကနေ စတင်ပြီး လူသိများအောင်မြင်လာခဲ့တဲ့ ဝိုင်းလေးက အခုလက်ရှိမှာ သီချင်းအသစ်တွေ ဆက်တိုက်ထွက်ရှိထားတာ ဖြစ်ပါတယ်။ သူမရဲ့သီချင်းလေးတွေကလည်း နားဆင်သူတွေရဲ့ရင်ထဲအထိ ရောက်စေနိုင်ပါတယ်။ ဝိုင်းလေးက သူမရဲ့ လှုပ်ရှားမှုပုံရိပ်တွေကို လူမှုကွန်ယက် ဆိုရှယ်မီဒီယာကနေတဆင့် ပရိသတ်တွေဆီကို အမြဲမျှဝေပေးလေ့ရှိပြီး ယခုမှာလည်း ချစ်စရာကောင်းတဲ့ ပုံလေးတွေနဲ့ ခြွေချလိုက်ပြန်ပါပြီနော်.. ။ 

Photo credit - Mie Mie Lay PHOTOGRAPHY
Photo credit - Mie Mie Lay PHOTOGRAPHY

ဝိုင်းလေးက ရွှေဝါရောင်ဝတ်စုံလေးနဲ့ အသည်းယားစရာကောင်းလိုက်အောင် လှနေပြီး ပိုစ့်တွေကလည်း ဆွဲဆောင်မှုရှိလွန်းနေတာကြောင့် ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုပြီး အချစ်ပိုစေရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော် ။ ပရိသတ်တွေကလည်း ပြည်သူချစ်အနုပညာရှင် ဝိုင်းလေး ရဲ့ အပြစ်ပြောရက်စရာမရှိလောက်အောင်လှနေတဲ့ ပုံလေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖိူ့ မမေ့လိုက်ပါနဲ့အုန်းနော်..... ။

Photo credit - Mie Mie Lay PHOTOGRAPHY
Photo credit - Mie Mie Lay PHOTOGRAPHY

Photo credit - Mie Mie Lay PHOTOGRAPHY

Source - Wyne Lay's FB page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။